Border News Agency
စစ်တွေ၊ဇွန် ၁၈။
စစ်တွေခရိုင်မှာအာဏာသိမ်းစစ်တပ် စွန့်ခွာသွားတဲ့နေရာတွေက မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးကျည်တွေကို အာရက္ခတပ်တော်(AA ) ကတူးဖော်ရှင်းလင်းရာမှာ ပြီးခဲ့တဲ့ မေလအတွင်း မိုင်း ၁၉၉ လုံးအထိ ရှင်းလင်းနိုင်ခဲ့ပါတယ်။
အဲဒီမိုင်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းတွေနဲ့ ပြည်သူတွေ သွားလာတဲ့လမ်းတွေဘေးမှာအဓိကထား ထောင်ထားခဲ့တာဖြစ်ပြီး အရင်လတွေကလည်း မိုင်းပေါင်း ၄၅၀ ကျော်အထိ ရှင်းလင်းခဲ့ပြီလို့သိရပါတယ်။
အဲဒီနေရာတွေမှာ အာဏာသိမ်းစစ်တပ်က ဆုတ်ခွာချိန် မြေုမြုပ်မိုင်းတွေကို မဆင်မခြင် ထောင်ထားခဲ့တာကြောင့် ဒေသခံတွေ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ရတဲ့အတွက် အာရက္ခတပ်တော်ကရှင်းလင်းနေတာဖြစ်ပါတယ်။
အခုလို ရှင်းလင်းရေးတွေအပြင် HDCO အဖွဲ့ကလည်း ဒေသခံတွေကို မိုင်းအန္တရာယ် သတိပြုမိစေဖို့ ရပ်ရွာတွေအထိ ကွင်းဆင်း အသိပညာပေးနေတယ်လို့ သိရပါတယ်။













