Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၈
မြန်မာလူငယ်ငါးဦးမှာ တဦးနီးပါးခန့်မှ န်းခြေသုံးသန်းခန့်ဟာအလုပ်အကိုင်၊ ပညာရေး(သို့မဟုတ်)သင်တန်းတခုခုမှာ ပါဝင်တာမရှိဘူးလို့ NEET (Not in Employment, Education or Training) ကုလသမဂ္ဂဖွံ့ဖြိုးရေးအဖွဲ့ ယူအန်ဒီပီ မြန်မာ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ အမျိုးသမီးလူငယ်တွေ နှစ််ဆယ်ငါးရာခိုင်နှုန်းခန့်ပါဝင်နေပြီး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ကအမျိုးသမီးသုံးဆယ်နှစ်ရာခိုင်နှုန်း၊ ကယားကလေးဆယ့်နှစ်ရာခိုင်နှုန်းထိ အလုပ်အကိုင်နဲ့ပညာရေးကဏ္ဍကမှ ဖယ်ကျဉ်ခံနေရမှုနှုန်းအမြင့်ဆုံးထဲမှာပါဝင်နေတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေဟာမိသားစုတာဝန်တွေ ၊စစ်ပွဲကြောင့်နေရပ်စွန့်ခွါရမှုတွေ၊ လုံခြုံရေးအန္တရာယ်တွေက အလုပ်အကိုင်၊ ပညာရေးကဏ္ဍမှ ဖယ်ကျဉ်ခံနေရမှု (NEET)ဖြစ်နိုင်ခြေကို တိုးစေတယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် အမျိုးသမီးလူငယ်တွေ ပညာရေနဲ့လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်လည်း အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သီးသန့်အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အလုပ်အကိုင်နဲ့ပညာရေးကဏ္ဍမှဖယ်ကျဉ်ခံနေရတာဟာ လူငယ်တွေအတွက် ဝင်ငွေ၊ ကျွမ်းကျင်မှုနဲ့ လူမှုအဆင့်တန်းမြင့်မားနိုင်တဲ့အခွင့်အလမ်းတွေကို ဆုံးရှုံးစေတယ်လို့လည်း ဆိုပါတယ်။
အဲဒီအခြေအနေတွေကို သေချာအကိုင် တွယ်ရင်မြန်မာနိုင်ငံရေရှည်ဆင်းရဲနွမ်းပါးမှု၊ ဖယ်ကျဉ်ခံရမှုနဲ့ လူသားအရင်းအမြစ်တွေ အလဟဿဖြစ်စေမှုစတဲ့အန္တရာယ်တွေကိုလည်း ရင်ဆိုင်ရလာနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေအဖွဲ့က ဆိုပါတယ်။