Border News Agency
ထားဝယ်၊ အောင်တိုဘာ ၁၀။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး(ထီးခီး)ကျေးရွာကို စစ်ကော်မရှင်ထပ်ပြီး လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU မြိတ် – ထားဝယ်ခရိုင်က အောက်တိုဘာလ ၁၀ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မယ်သမီခီး(ထီးခီး)ကျေးရွာကို အောက်တိုဘာလ ၁၀ ရက်၊ ဒီနေ့မနက် ၈ နာရီအချိန်ခန့်က လေကြောင်းမှဗုံးနှစ်ကြိမ်ထိတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် တိုက်လေယာဉ်မှာပါတဲ့ အော်လီဂန်းစက်လက်နက်နဲ့လည်းနှစ်ကြိမ် ပစ်ခက်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
မယ်သမီခီး(ထီးခီး)ကျေးရွာကို အောက်တိုဘာလ ၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းမှ ဆယ်ကြိမ်ထိ ၁၂၀ မမ ဗုံးအလုံးလေးဆယ်ကျော်ထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ် လေကြာင်းတိုက်ခိုက်လို့ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေထိ ခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူသုံးရာ့ငါးဆယ်ကျော်လည်း ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။