Border News Agency
မိုးမိတ်၊ အောက်တိုဘာ ၁၀။
တအာင်းပြည်၊ တပ်မဟာ ၈ နယ်မြေ၊ မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီးကို စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၁ ၀ ရက်၊ ဒီနေ့လယ် ၁နာရီအချိန်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က တိုက်လေယာဥ်နဲ့ပေါင်နှစ်ရာငါးဆယ်ဗုံးနှစ်လုံး၊ ရော့ကက်လက်နက်ကြီးခြောက်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေစိုးရိမ်ကြောက်ရွံ့နေကြတယ်လို့လည်း ဆိုကြပါတယ်။
မိုးမိတ်မြို့နယ်၊ ဝဲဘောင်ကျေးရွာကို အောက်တိုဘာလ ၉ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးနှစ်ဦးအပါအဝင် ခုနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သ လို လူနေအိမ်ဆယ်လုံးလည်းပျက်စီးခဲ့ပါတယ်။
မိုးမိတ်မြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုင်းပြုလုပ်နေလို့ ဒေသခံတွေစစ်ရေးသတိရှိဖို့၊ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့လည်း လိုအပ်နေပါတယ်။