Border News Agency
နမ့်ဆန်၊ အောက်တိုဘာ ၁၄။
TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ နမ့်ဆန်မြို့နယ်၊ အုမ်းမစွမ်ကျေးရွာကို အောက်တိုဘာ လ ၁၄ ရင်၊ ဒီနေ့ မနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့် လေကြောင်းမှဗုံးလေးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် အမျိုး သမီးတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားသလို နေအိမ်ခြောက်လုံးလည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအသက်ဆယ့်ခုနှစ်နှစ်အရွယ် မသင်းသင်းနွယ်သေဆုံးသွားခဲ့ပြီး သူရဲ့ညီမအသက် ဆယ့်ငါးနှစ်အရွယ်မမေသင်းနွယ်၊ အသက်ဆယ်နှစ်အရွယ် ကောင်းချစ်ဖြိုး၊ အသက် သုံးဆယ်ငါးနှစ်အ ရွယ်ယာနိုင်လင်းတို့ ဒဏ်ရာပြင်းပြင်း ထန်ထန်ရသွားခဲ့ပါတယ်။
နမ့်ဆန်မြို့နယ်၊ကယားကြီးကျေးရွာကို အောက်တိုဘာလ ၁၃ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးဒဏ်ရာရသွားခဲ့သလို စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီးသွားခဲ့ပါတယ်။
နမ့်ဆန်မြို့နယ်၊ဇယ်တုန်ဟုန်းကျေးရွာကို လည်း အောက်တိုဘာလ ၄ ရင်နေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့ပြီးကလေးခြောက်ဦးအပါအဝင်ပြည်သူလူထုကိုးဦးဒဏ်ရာရရသွားခဲ့သလို နေအိမ်ဆယ့်ခြောက်လုံးပျက်စီးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နေရာတွေကို နေ့တိုင်းလိုလိုဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ် သားသေဆုံး၊ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။