Border News Agency
မြိတ်၊ အောက်တိုဘာ ၁၄။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေ၊ မယ်သမီခီး(ထီးခီး)ကျေးရွာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၁၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မယ်သမီခီး(ထီးခီး)ကျေးရွာကို အောက်တိုဘာလ ၁၄ ရက်ဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတချို့ဒဏ်ရာရသွားသလို နေအိမ်တလုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာဏာဆက်လက်တည်မြဲဖို့အတွက် သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ အထူးကြိုးပန်းနေတယ်လို့ဆိုပါတယ်။
ဒါကြောင့် သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေဖြစ်တဲ့ ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်ရာဒေသတွေမှ ပြည်သူလူထုတွေကို အကြောက်တရားဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။