Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၆။
စစ်ကော်မရှင်ပြုလုပ်မယ့် လာမယ်ရွှေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ကိုယ်စားလှယ် Mr. Pisanu Suvanajata ကအောက်တိုဘာလ ၁၅ ရက်၊မနေ့က ပြောပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာ စစ်ခေါင်းဆောင်ပြုလုပ်မယ့်ရွှေးကော က်ပွဲနဲ့ပတ်သက်လို့ခုလိုပြောလာတာပါ။
“မကြာခင်မှာ မြန်မာနိုင်ငံဟာနောက်ထပ်အရေးကြီးတဲ့အခိုက်အတန့်တခုဆီရောက်ရှိလာတော့မှာလို့ ကျနော်တို့နားလည်ပါတယ်။ ဒါဟာလာမည့်ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော့်ရဲ့ယုံကြည်ချက်ကိုမျှဝေပါရစေ။ ရွေးကောက်ပွဲတခုတည်းကငြိမ်းချမ်းရေးကိုဆောင်ကြဉ်းပေးနိုင်မှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဟာအရေး ကြီးတဲ့ခြေလှမ်းပါ။ ဟုတ်ပါတယ်။” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ကိုယ်စားလှယ် Mr. Pisanu Suvanajataက ဆိုပါတယ်။
ဒါပေမယ့်ရွေးကောက်ပွဲတွေဟာ တွေ့ ဆုံဆွေးနွေးတာ၊ ပြန်လည်သင့်မြတ်တာ၊ သက်ဆိုင်သူအားလုံးကြားယုံကြည်မှုတည်ဆောက်ပြီး ပိုမိုကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့အဓိကကျတဲ့အစိတ်အပိုင်းဖြစ်ရပါမယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်ပြုလုပ်မယ့် ရွှေးကောက်ပွဲဟာ အဲဒီလိုမျိုးသာမဟုတ်ရင်မဲပုံးကပဋိပက္ခရဲ့အမာရွတ်တွေကိုကုစားနိုင်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။
“ဘာကြောင့်လဲဆိုတော့ငြိမ်းချမ်းရေးဆိုတာကြေညာချက်တွေဒါမှမဟုတ်အခမ်းအနားတွေသက်သက်မဟုတ်ပါဘူး။ သာမန်ပြည်သူတွေသူတို့ရဲ့နေ့စဉ်ဘဝမှာခံစားနိုင်တဲ့စစ်မှန်တဲ့အပြောင်း အလဲကသာငြိမ်းချမ်းရေးဖြစ်ပါတယ်။ သူတို့ရဲ့အိမ်တွေမှာလုံခြုံမှုရှိဖို့၊သူတို့ရဲ့အသိုက်အဝန်းတွေမှာ အခွင့်အလမ်းတွေရှိဖို့နဲ့ ဂုဏ်သိက္ခာရှိရှိနေနိုင်ဖို့တို့ပဲဖြစ်ပါတယ်။” လို့ သူက ဆိုပါတယ်။
အဲဒါကြောင့် ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို အစကတည်းကအမြဲတမ်းထောက်ခံအားပေးခဲ့သလို ဆက်ပြီးလည်းဝိုင်းဝန်းထောက်ခံပေးသွားမယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကို မြန်မာဦးဆောင်မှုနဲ့ရယူပြီး မြန်မာကပဲပိုင်ဆိုင်ရမှာဖြစ်သလို မြန်မာပြည်သူတွေသာ သူတို့ရဲ့ အနာဂတ်ကိုဆုံးဖြတ်နိုင်စေမှာဖြစ်ပြီးခင်မင်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတနိုင်ငံအဖြစ်ထိုင်းနိုင်ငံဟာနားထောင်ဖို့၊ကူညီပေးဖို့နဲ့အားပေးထောက်ခံဖို့အမြဲအသင့်ရှိနေတယ်လို့လည်းဆိုပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာရွေးကောက်ပွဲပြုလုပ်မယ့်လို့ ထုတ်ပြန်ထားပါတယ်။






