Border News Agency
ကျောက်ဖြူ၊ အောက်တိုဘာ ၂၅။
အာရက္ခတပ်တော်(AA)နဲ့ စစ်ကော်မရှင်တပ်ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ ဗုံးချတိုက်ခိုက်လို့ နေအိမ်တဆောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ မင်းပြင်ကျေးရွာက ဦးမောင်မောင်မြင့်နေအိမ်ကို အောက်တိုဘာလ ၂၄ ရ က်နေ့က စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီအပြင် စစ်ကော်မရှင်ရေတပ် စစ်သင်္ဘောတွေကလည်း အောက်တိုဘာလ ၂၄ရက်နေ့က မင်းပြင်ကျေးရွာကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် မင်းပြင်ရွာက ဒေါ်ခင်သန်းကြည်အိမ်အနီးမှာ ကျရောက်ပေါက်ကွဲပြီး အိမ်နံရံတချို့ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ဂေါ်တူရွာဟောင်းကို သြဂုတ်လ ၁၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ် ဒရုန်းဗုံးတိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။






