Border News Agency
မကွေး၊ အောက်တိုဘာ ၂၈။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၉တပ်ရင်းမှ အောက်တို ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာနဲ့ တောင်ငယ်လုံးကျေးရွာကြား စစ်ဆေးရေးဂိတ်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်ကို ပခုက္ကူခရိုင်တပ်ရင်း ၁၉ နဲ့ Yenanthar column မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်းမှ အောက်တိုဘာ လ ၂၇ ရက်၊ မနက် ၅ နာရီ ၃၀ မိနစ်အချိန်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး သေနတ်တလက်နဲ့ ကျည်အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။






