Border News Agency
ဒါကာ၊ အောက်တိုဘာ ၃၀။
ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှအုပ်ချုပ်ရေးဆိုင်ရာအားနည်းချက်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ မူးယစ်ဆေး၊ လူကုန်ကူးမှုစသည့်ကိစ္စများဖြစ်ပျက်နေသည်။
ဤသို့ဖြစ်ပျက်နေမှုက ဒုက္ခသည်စခန်းထဲရှိ အုပ်ချုပ်ရေးဆိုင်ရာအားနည်းချက်နှင့်ဆက်စပ်နေသည်။
ထိုအားနည်းချက်များနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ချက်၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များစွာရှိပါသည်။
ဒေါက်တာအမ်ဒီမာဘူဒါရာမန်က Geneva Graduate Institue တွင် ၂၀၂၃ခု နှစ်ဩဂုတ်လ ၈ ရက်နေ့တွင် အောက်ပါအတိုင်းဖော်ပြထားသည်။
“အုပ်ချုပ်ရေးပုံစံအရ ရိုဟင်ဂျာဒုက္ခသည်များကို CiC သည်မာဂျီများမှတဆင့်ထိန်းချုပ်ထားသည်။ မာဂျီများအနေဖြင့် CiC၏ပြောကြားမှုကိုသာ တဖက်သတ်နားထောင်ရပြီး CiC၏ အမိန့်သည် ရိုဟင်ဂျာဒုက္ခသည်စခန်း၏ လိုအပ်ချက်နှင့် တလွှဲဖြစ်နေလျှင်လည်း မာဂျီအနေဖြင့် တင်ပြခွင့်မရနိုင်ချေ။ CiC အမိန့်ကို ငြင်းဆန်လျှင် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရင်ဆို င်ကပြီးရလဒ်မကောင်းနိုင်ဟု မာဂျီများကသိသည်။ နောက်တချက်က ရာဇဝတ်ဂိုဏ်းများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးလျှင့် ရာဇဝတ်ဂိုဏ်းများ၏လက်ထဲတွင် အသ တ်ခံရနိုင်သည်။”
တဖက်တွင် မာဂျီများကိုယ်တိုင် ဒုက္ခသည်စခန်းများတွင် လူအခွင့်အရေးချိုးဖောက်မှုများ၊ တရားလက်လွတ်ကိစ္စများနှင့်လုပ်ပိုင်ခွင့်အလွှဲသုံးစားပြုမှုများရှိနေသည်။
နိုင်ငံတကာဒုက္ခသည်များဆိုင်ရာ ၁၉ ၅၁ခု နှစ်ကွန်ဗင့်ရှင်း အပိုဒ် ၁၈ တွင် ဒုက္ခသည်များတွင် စိုက်ပျိုးရေး၊ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို လုပ်ခိုင်ခွင့်ရှိသည်။
အဆိုပါ ကွန်ဗင့်ရှင်း အပိုဒ် ၂၆ အရ ဒုက္ခသည်များတွင် လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိသည်။ သို့သော် ထိုအခွင့်အရေးများက မျက်ကွယ်ပြုခံနေရသည်။
ဒုက္ခသည်စခန်းအတွင်း လူမှုစီးပွားအခွင့်အရေးများမရှိမှု၊ ဓလေ့ထုံးတမ်း ယုံကြည်မှုမတူညီမှု၊ ဒုက္ခသည်စခန်းအတွင်း ရာဇဝတ်ဂိုဏ်းအချင်းချင်းပဋိပက်ခများနှင့် အုပ်စုတွင်းပြင် ကိုယ့်အချင်း ချင်း ပဋိပက္ခများကြားတွင် ဘင်္ဂလားဒေ့ရှ်၏တရားရုံးကို တိုင်ကြားအမှုဖွင့်နိုင်မှုက ကန့်သတ်ချက်များရှိနေသည်။
အဆိုပါအနေအထားများက ဘင်္ဂလားဒေ့ရှ်၏လုံခြုံရေးကို ထိခိုက်စေသည်ဟု ဒေါက်တာအမ်ဒီမာဘူဒါရာမန်က ထောက်ပြထားသည်။
Human Rights Watch အဖွဲ့၏ ၂၀၂၅ ခုနှစ်၊ စက်တင်လာလ ၂၉ရက်စွဲဖြင့် ထုတ်ပြန်သော အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရိုဟင်ဂျာဒုက္ခသည်များ၏ ပညာရေး၊ အသက်မွေးဝမ်းကျောင်းစသည့် ကိစ္စရပ်များ တားဆီးပိတ်ပင်မှုများရှိနေသည်ဟု ဖော်ပြထားသည်။
Humanitarian Action အဖွဲ့၏ ၂၀၂၅ခု နှစ်၊ မတ်လ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်၏ ဥပဒေပိုင်းစိုးမိုးရေးဆောင်ရွက်ချက်အစား ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များနှင့် လူသားချင်းစာနာမှုအကူအညီပေးသူများကို အုပ်စုဖွဲ့အကြမ်းဖက်မှုများရှိနေပြီး လုံခြုံရေးအခြေအနေမှာ ဆိုးဝါးနေသည်ဟု ဖော်ပြထားသည်။
ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှလုံခြုံရေးဆိုင်ရာ ပျက်ကွယ်နေမှုအပေါ် Human Rights Watch ၏ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာက ပြတ်သားရှင်းလင်းစွာ ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် လက်နက်ကိုင်အုပ်စုများ၊ ဒုစရိုက်ဂိုဏ်းများ၏ အန္တရာယ်ပေးနေမှုအား အာဏာပိုင်အနေဖြင့် လုံလောက်သောအကာအကွယ်မပေးဘဲရှိနေသည်။
ထိုပြင် ရဲတပ်ဖွဲ့၊ ဥပဒေနှင့် ဆေးဘက်ဆိုင်ရာကိစ္စများဖြင့် အတားအဆီးများပြုနေသည်။ သတ်ဖြတ်ခံရနိုင်သော အခြေအနေတွင် လုံခြုံရေးမပေးဘဲ ရိုဟင်ဂျာရပ်ရွာခေါင်းဆောင်များအား သတင်းအချက်အလက်များကို ထောက်လှမ်းခိုင်းနေသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် လူ့အခွင့်အရေးကိုတန်ဖိုးထားသော လုံခြုံရေးမူဝါဒများအား ဒုက္ခသည်များ၊ ကုလသမဂ္ဂနှင့်ညှိ့နှိုင်းချမှတ်သင့်သည်။
နိုင်ငံတကာအလှူရှင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် အတားအဆီးများကို ဖယ်ရှားပေးရန် ဘင်္ဂလားဒေ့ရှ်အား ဖိအားပေးသင့်သည် စသဖြင့် ဖော်ပြထားသည်။
ထိုပြင် အဆိုပါအစီရင်ခံစာတွင် အောက်ပါအချက်များလည်း ပါဝင်သည်။
အစ္စလာမ္မစ်လက်နက်ကိုင်အုပ်စုများနှင့် ဒုစရိုက်ဂိုဏ်းများကြောင့် ဒုက္ခသည်များက ရက်စက်ကြမ်းကြုတ်၍ ကြောက်ရွံ့စရာကောင်းသော ပတ်ဝန်းကျင်မျိုးဟုပြောဆိုသည်။
ကျူးလွန်သူများတွင်
- ၁။ Arakan Rohingya Salvation Army (ARSA)
- ၂။ Rohingya Solidarity Organization (RSO)
- ၃။ Munna gang
- ၄။ Islami Mahaz
- ၅။ အဖွဲ့တချို့ ပါဝင်သည်။
ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာန စာရင်းအရ အနည်းဆုံးလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့မှာ ဒုက္ခသည်စခန်းများတွင် လှုပ်ရှားနေသည်။
အချို့သောရာဇဝတ်ဒုစရိုက်ဂိုဏ်းများမှာ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများဖြင့် ဒုက္ခသည်စခန်းအား ထိန်းချုပ်ထားသည်။
တက်ကြွလှုပ်ရှားသူများ၊ ပညာတတ်များနှင့်မာဂျီများမှာ ၎င်းတို့၏ ပစ်မှတ်များဖြစ်နေသည်။
ထိုအခြေအနေက ဒုက္ခသည်စခန်းထဲရှိ အရပ်ဖက်လူမှုအဖွဲ့များကိုပါ ရိုက်ခတ်စေသည်။
၂၀ ၂၃ ခုနှစ်ပထမနှစ်ဝက်တွင် အနည်းဆုံးမာဂျီ ၁၆ ဦးအသတ်ခံရသည်။
ဒုက္ခသည်များအတွက် တရားစီရင်ရေး ယန္တယားမရှိ။ ရဲတပ်ဖွဲ့ထံအမှုမဖွင့်နိုင်။ CiC ကလည်းမကိုင်တွယ်၊ APBn ကလည်းမကိုင်တွယ်။ APBn က အရပ်သားမှုခင်းမကိုင်။ ဒေသဆိုင်ရာရဲဌာနကို တိုင်လျှင်လည်း ကညာပျိုနဲ့ငွေကို တောင်း၍ပေးစရာမရှိ။
ဆက်လက်ဖော်ပြပါမည်။
Sources…
- https://www.graduateinstitute.ch/communications/news/human-rights-and-national-security-reflections-rohingya-refugee-camps?hl=en-GB
- https://www.hrw.org/news/2025/09/29/un-support-protection-justice-for-rohingya?hl=en-GB
- https://humanitarianaction.info/plan/1212/article/rohingya-joint-response-plan-jrp-0?hl=en-GB
- https://www.hrw.org/news/2023/07/13/bangladesh-spiraling-violence-against-rohingya-refugees?hl=en-GB






