Border News Agency
မန္တလေး၊ အောက်တိုဘာ ၃၁။
စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ မန္တလေး၊ စစ်ကိုင်း၊ ရခိုင်အပါအဝင်အရပ်သား ငါးဆယ်ငါးဦးသေဆုံးခဲ့တယ်လို့ ညဏ်လင်းသစ်သုဒေသနအဖွဲ့မှ အောက်တိုဘာလ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ စစ်ကော်မရှင်တပ်ဟာ အောက်တို ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ထိ မန္တလေး၊ စစ်ကိုင်းအပါအဝင်ဒေသဆယ်ခုကို လေကြောင်းတိုက်ခိုက်မှု အနည်း ဆုံးလေးဆယ်ခြောက်ခု လုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဆယ်ငါးဦးသေဆုံးခဲ့ပြီး ကိုးဆယ်ကျော်ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ပစ်မှတ်ထားတာ၊ ထိတွေ့တိုက်ပွဲတွေမှာလည်း လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ ဖြစ်စဥ်ကိုးခုရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအစီရင်ခံကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။
အဲဒီထဲမှာမန္တလေး၊ စစ်ကိုင်းအပါအဝင်ဒေသဆယ်ခုမှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီမန္တလေး၊ စစ်ကိုင်း၊ ရှမ်းမြောက်၊ ရခိုင်၊ ချင်းဒေသတွေမှာ အောက်တိုဘာလ ၂ ၄ ရက်နေ့မှ ၃၀ ရက်နေ့ထိ စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာအများဆုံးဖြစ်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဧရာ၀တီမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာမို့ အရပ်သားတွေသေဆုံး၊ ဒဏ်ရာရနေကြတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ သုံးရက်မှာအရပ်သားဆယ့်နှစ်ဦးသေဆုံးပြီး သုံးဆယ်နှစ်ဦးဒဏ်ရာရသွားတယ်လို့ အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်ပါတယ်။
အဲဒါကြောင့် အာရက္ခဒေသအတွင်းနေ မိဘပြည်သူတွေလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းလက်နက်ကြီး၊ ဒရုန်းတွေတိုက်ခိုက်မှုရန်ကို အရင်ထက်ပိုမိုသတိထားကြဖို့ စစ်ရေးသတိအပြည့်အဝ နေ့၊ ည အချိန်မရွေးရှိကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အထူးအသိပေးတိုက်တွန်းထားပါတယ်။






