Border News Agency
စစ်တွေ၊ နိုဝင်ဘာ ၃။
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ လာမယ့်နိုဝင်ဘာလ ၅ရက်မှာကျရောက်မယ့် တန်ဆောင်မုန်းလပြည့်နေ့ တေးဂီတဖျော်ဖြေပွဲလုပ်မယ်လို့ ဆိုပါတယ်။
အဲဒီတေးဂီတပွဲကို ပြည်နယ်စစ်ကော်မရှင်က ဦးစီးပြုလုပ်သွားမှာလို့ ဆိုပါတယ်။
ပြည်နယ်စစ်ကော်မရှင်က နိုဝင်ဘာလ ၅ရက်၊ ညနေ ၅ နာရီကစတင်ပြီး လူလတ်၊ လူငယ်တွေအတွက် ရည်ရွယ်ချက်နဲ့ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုးပွဲတွေကို ဖွင့်သွားမှာလို့ ဆိုပါတယ်။
အဲဒီတေးဂီတပွဲမှာ ရခိုင်အဆိုတော်ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ခိုင်ကျော်လင်းတို့က ဦးဆောင်ပါဝင်သီဆိုသွားမှာလို့ ဆိုပါတယ်။
ပြည်နယ်စစ်ကော်မရှင်က လူအများအပြားစုဝေးမယ့်ပွဲတော်လုပ်ဖို့စီစဉ်နေတာဟာ လာမယ့်ရွေးကောက်ပွဲအတွက် ပြည်သူလူထုအကြိုက်လုပ်ပြနေတာလို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် ဒေသတွင်းအခြေအနေတွေပုံမှန်အတိုင်းတည်ငြိမ်နေပြီး အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နေတယ်လို့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို ပြလိုတာမို့စီစဥ်နေတာလို့ ဆိုကြပါတယ်။
“တေးဂီတပွဲတွေ ကျင်းပနေတာဟာ တဖက်မှာ အေအေထိန်းချုပ်နယ်မြေတွေကိုရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်နေတာနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတ ယ်။စစ်ကော်မရှင်က ပြည်သူတွေကို ပျော်ရွှင်အောင်လုပ်ပြပြီး တပြိုင်နက်တည်းမှာ အကြမ်းဖက်မှုတွေလုပ်နေတာ။အဲဒါကို ဖုံးကွယ်ဖို့ လူအများရဲ့ စိတ်ဝင်စားမှုကို ဖျော်ဖြေပွဲဆီ လှည့်ပစ်ဖို့ ကြိုးစားနေတာပဲ။” လို့ စစ်တွေမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်တွေမြို့မှာ ပျော်ပွဲရွှင်ပွဲ၊ဖျော် ဖြေပွဲတွေစီစဉ်နေပေမယ့် စစ်တွေအ ခြေစိုက်စစ်ကော်မရှင်တပ်ရင်းတွေက အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို လက်နက်ကြီးပစ်ခတ်တာ၊ဒရု န်းဗုံးကြဲတိုက်ခိုက်တာတွေ၊လေကြော င်းတိုကမခိုက်တာတွေ ပြုလုပ်နေပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်လက်န က်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေကြောင့် စိုးရိမ်ကြောက်လန့်နေကြတဲ့ စစ်တွေမြို့ခံတွေကို အာရုံလွှဲဝါဒဖြန့်ဖို့ ရည်ရွယ်နေတာလို့လည်း ဆိုကြပါတယ်။






