Border News Agency
တနင်္သာရီ၊ နိုဝင်ဘာလ ၁၂။
တနင်္သာရီတိုင်းဒေသကြီး၊ တနောသရီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် မောတောင်ဒေသအတွင်းက ဒေသခံတွေဟာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးက နိုဝင်ဘာလ ၁၂ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမောတောင်ဒေသကို စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၁၀ရက်နေ့ကစတင်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဒေသခံတွေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာဏာဆက်တည်မြဲရေးနဲ့ အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
လူထုကို အကြောက်တရားဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်တဲ့ဒေတွေက ပြည်သူလူထုကြောက်လန့်အောင် လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။






