Border News Agency
ကျောက်ဖြူ၊ နိုဝင်ဘာ ၁၇။
ကျောက်ဖြူမြို့နယ်ကကျေးရွာတွေကို နိုဝင်ဘာလ ၁၇ရက်၊ ဒီနေ့စစ်ကော်ရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ထုတ်ပြန်ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို နိုဝင်ဘာ ၁၇ရက်၊ နေ့ လယ် ၁၂ နာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်ရှိ လိပ်တင်ကျေးရွာကိုလည်း နိုဝင်ဘာ ၁၇ရက်၊ ဒီနေ့နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် နေ့လယ် ၁၂နာရီခွဲအချိန်ခန့်မှာလည်း စာသင်ကျောင်းကို ဒရုန်းဗုံးချထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစာသင်ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေဟာ အချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ လူသေဆုံးဒဏ်ရာရတာမရှိခဲ့ပေမယ့် စာသင်ကျောင်းအနီးက ဝက်နှစ်ကောင်သေဆုံးခဲ့ပြီး စာသင်ကျောင်းအဆောက်အအုံထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အမြင့်ကျွန်းတံတားအနီးကိုလည်း ဒီနေ့ညနေက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။










