Border News Agency
မောင်တော၊ နိုဝင်ဘာ ၁၈။
မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ငန်းချောင်းမြောက်ရွာမှာ နိုဝင်ဘာလ ၁၇ ရက်၊ညနေ ၄ နာရီအချိန်က မြေမြုပ်မိုင်းနင်းမိလို့ မူဆလင်အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်သွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ငန်းချောင်းမြောက်ရွာမှ အသက်ငါးဆယ်ငါးနှစ်အရွယ် ဦးအဘူလာချိန်းဒဏ်ရာရသွားခဲ့တာပါ။
သူဟာ မနေ့ညနေ ၄ နာရီအချိန်က ကျွဲတမရွာအရှေ့ဖက်မှာ ကျွဲကျောင်းနေရင်း မြေမြုပ်မိုင်းနင်းမိခဲ့တာကြောင့် ညာဖက်ခြေထောက်ဒူးဆစ်အောက်ကနေပြတ်ထွက်သွားခဲ့ပြီး ဘယ်ဖက်ခြေထောက်မှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ခုန်တိုင်ကျေးရွာမှာ နိုဝင်ဘာ၁၄ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ အသက်လေးဆယ်နှစ်နှစ်အရွယ် ဦးဒေါင်ရွိုင် သေဆုံးသွားခဲ့တာပါ။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






