Border News Agency
မလေးရှား၊ နိုဝင်ဘာ ၂၀။
မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ကင်မရွန်ဟိုင်းလန်းမှာ မြန်မာနိုင်ငံသားတွေအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသား လေးရာ့ခြောက်ဆယ်ရှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီကင်မရွန်ဟိုင်းလန်းမှာ အထောက်အထားမဲ့လေးရာ့ခြောက်ဆယ်ရှစ်ဦးကို မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက နိုဝင်ဘာလ ၂၀ ရက်၊ ဒီနေ့ဖမ်းဆီးခဲ့တာပါ။
အဲဒီလေးရာ့ခြောက်ဆယ်ရှစ်ဦးမှာ မြန်မာနိုင်ငံသားတရာ့ခုနှစ်ဆယ့်ငါးဦးနဲ့အများဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တရာ့ခုနှစ်ဆယ့်လေးဦး အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဆယ်ခုနှစ်ဦး၊ နီပေါနိုင်ငံသားနှစ်ဆယ်ဦးနဲ့ အခြားနိုင်ငံသားတွေလည်းပါဝင်ပါတယ်။
အဲဒီအပြင် ကင်မရွန်းဟိုက်လန်းမှာ ပူထရာဂျာယာလူဝင်မူကြီးရေးနဲ့ တခြားပြည်နယ်လူဝင်မူကြီးကြပ်ရေးဌာနပူးပေါင်းပြီး ဒီနေ့မနက်ကလည်းနိုင်ငံခြားသား တထောင့်ရှစ်ရာရှစ်ဆယ်ခြောက်ဦးကိုစစ်ဆေးခဲ့ရာ အထောက်အထားမဲ့နိုင်ငံခြားသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီသူတွေဟာ စီးပွားရေးအဆောက်အအုံတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီး ခြံတွေမှာဝင်ရောက်အလုပ်လုပ်ကိုင်သူတွေဖြစ်ကြပါတယ်။






















