Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း”မှဦးဆောင်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်ပြုလုပ်တဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်၊ဒီနေ့မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီးဆန္ဒပြခဲ့ကြတာပါ။
အဲဒီလှုပ်ရှားမှုမှာ”တရားဝင် လူသတ်ခွင့်မပေးနဲ့” ဆိုတဲ့စာကြောင်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်းကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့မတရားဖိနှိပ်မှုတွေကြားမှ ပြည်သူတွေခံတွန်းလှန်မှု အရှိန်အဟုန်ကိုပြသဖို့နဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ခုလိုရဲရဲဝံ့ဝံ့လူထုသပိတ်တိုဆင်နွှဲခဲ့ကြတာလို့ဆိုပါတယ်။










