Border News Agency
မကွေး၊ ဒီဇင်ဘာ ၂၉။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နဲ့ ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ စစ်လက်နက်ထုတ်စက်ရုံတွေကိုသွယ်တန်းထားတဲ့ ဓာတ်အားလိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဆိပ်ဖြူမြို့ရှိ လေယာဉ်ဗုံးတွေထုတ်လုပ်ရာ ကပစ ၂၁၊ ၂၂ နဲ့ လက်နက်ကြီးကျည်ဆန်တွေထုတ်လုပ်တဲ့ ပေါက်မြို့နယ် ကပစ ၂၄ တွေကို လျှပ်စစ်သွယ်တန်းပေးထားတဲ့ မဟာဓာတ်အားလိုင်းမှ ဓာတ်တိုင်ပေါင်း ၁၀၀ ကျော်ကိုမိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။
နောက်ပြီး စလင်းမြို့မှဆင်ဖြူကျွန်းမြို့ဘက်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ဦးတည်ထွက်ခွာလာတဲ့ အင်အားတရာ့ခုနှစ်ဆယ်ခန့်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒရုန်းတွေနဲ့လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ကားငါးစီးပျက်စီးခဲ့ပြီးထိခိုက်ကျဆုံးမှုတွေနဲ့ ပြန်ပြီးဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။














