Border News Agency
မကွေး၊ ဇန်နဝါရီ ၇။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြက်မောက်ကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားတယ်လို့မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီ ကြက်မောက်ကျေးရွာကို ဇန်နဝါရီလ ၆ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ဆယ့်ခြောက်နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးပြီးအမျိုးသားလေးဦးနဲ့အမျိုးသမီး နှစ်ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်နှစ်လုံးလည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေရှိ ပြည်သူတွေကို ရွယ်ရွရွယ်ရွရှိရှိလေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေသေဆုံး၊ဒဏ်ရာရနေကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း လေးထောင်ကျော်ပြုလုပ်ခဲ့ကြီး ပြည်သူ လေးထောင့်ခြောက်ရာရှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။















