Border News Agency
မကွေး၊ ဇန်နဝါရီ ၈။
မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာအချို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်အချို့ပျက်စီးသွားခဲ့ပါတယ်။
အဲဒီမြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာအကြားမှာရှိတဲ့ တောတိုက်တနေရာကို ဇန်နဝါရီလ ၆ ရက်၊ဒီနေ့မနက် ၆ နာရီ ၄ မိနစ်အချိန်ခန့်ကစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီမန်ကျည်းကန်ကျေးရွာ မြောက်ပိုင်းကို လည်း စစ်ကော်မရှင်တပ် လေကြောင်းမှ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နှစ်ဆောင်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်မရှင်တပ်ဟာ ခုရက်ပိုင်း မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်နေတာမို့ ဒေသခံမိဘပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့နဲ့ လုံခြုံရေးသတိရှိကြဖို့ မြိုင်ပကဖက အသိပေးထားပါတယ်။












