Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောကို အပြီးသတ်ဆုံးရှုံးခါနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုခုခံနေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

မောင်တောကို အပြီးသတ်ဆုံးရှုံးခါနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုခုခံနေ

Border News Agency
မောင်တော၊စက်တင်ဘာ ၂။

အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မောင်တောမှာ စစ်ကောင်စီတပ်က လေကြောင်းကို အဓိကအသုံးပြုခုခံနေတာမို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြ ပါတယ်။

အဲဒီမောင်တောမြို့ပေါ်နေရာတချို့မှာ စခန်းချတပ်စွဲခုခံနေကြတဲ့စစ်ကောင်စီလက်နက်ကိုင်တွေကို အာရက္ခတပ်တော်(AA)က လိုက်လံချေမှုန်းနေသလို မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာ တည်ရှိတဲ့အမှတ် ၅ နယ် ခြားစောင့်ရဲတပ်ရင်းကို ဝိုင်းရံပိတ်ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကဓာတုအဆိပ်ဓာတ်ငွေ့ဗုံးအသုံးပြုတိုက် ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က သြဂုတ်လ၂၉ ရက်နေ့က ထုတ်ပြန်ပြီး တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်အမျိုးအစားအစုံ အသုံးပြုဗုံးကြဲပစ်ကူပေးခုခံနေတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

”ခုနောက်ပိုင်း လေယာဥ်တွေအများကြီးနဲ့လာပစ်နေတာပါ။တနေ့တလေဆိုရင်တစီးမပြန်သေးဘူး နောက်တ စီးရောက်နေပြီး။တပြိုင်တည်းနှစ်စီး၊သုံးစီးလာပစ်တာတောင်ရှိပါတယ်။ရေတပ်ကလည်းစစ်ကူမလာနိုင်တော့ဘူးဆိုတော့ လေယာဥ်တွေက အချိန်မရှိလာပစ်နေတာပါ။”လို့ မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက် ကိုင်အကြမ်းဖက်သမားတွေပူးပေါင်းပြီး မြို့ပေါ်လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗလီတွေ၊ဘုန်းကြီးကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူပြီး ခုခံနေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင် အားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှ ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီ အသုံးပြုခုခံနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှ တ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို ကျောက်မာတွေအသုံးပြုပြီး ခံစစ်အခိုင်အ မာပြုလုပ်ခုခံနေသလိုတပ်စခန်းပတ်ပတ်လည်လည်မှာ မြေမြုပ်မိုင်းတွေအပြည့်ထောင်ထားတာမို့ အာရက္ခတပ်တော်(AA)က အနီးကပ်ဝင်ရောက်ထိုးစစ်ဆင်ဖို့ ကြိုးစားနေရတုန်းပဲလို့လည်း မောင်တောဒေသတွေက ဆိုကြပါတယ်။

”ရခိုင်မှာတိုက်ပွဲတွေစကတည်းကအောင်မင်္ဂလာရွာဖက်ကကျောက်မာတွေနဲ့ဒရုန်းဗုံး၊လက်နက်ကြီးဒဏ်တွေခံနိုင်အောင်အခိုင်အမာတည်ဆောက်ထားတာပါ။နောက်ပြီးခြံပတ်ပတ်လည်မှာလည်းမိုင်းတွေအပြည့်ထောင်ထားပါတယ်။ကာပါကင်း၊ပစ်ကျင်းတွေကိုလည်းလူတရပ်ထိတူးပြီးကျောက်အမာတွေကားထားလို့တပ်တော်ကထိုးဖော က်ဝင်ပြီးဖို့ကြိုးစားနေရပါတယ်။”လို့နောက်ထပ်မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီမောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅ နယ် ခြားစောင့်ရဲတပ်ရင်းကို အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(သို့)မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် အဖြစ်သတ်မှတ်ပြီး အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး(သို့)မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းက ဦးဆောင်ခုခံနေတာလို့ စစ်ကောင်စီတပ်အသိုင်းအ ဝိုင်းက ဆိုကြပါတယ်။

အဲဒီတပ်ရင်းအနီးအနားရှိမောင်တောခရိုင်တရားရုံး၊မောင်တောခရိုင်ကျန်းမာရေဌာန၊လူမှုဝန်ထမ်းဌာနအဆောက်အအုံနေရာတွေအပါအဝင် မောင်တောခရိုင်လျှပ်စစ်ရုံးနေရာတွေထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချခုခံနေကြတာလို့ ဆိုကြပါတယ်။

အဲဒီနေရာတွေအပါအဝင်မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာန ချုပ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေအပါအဝင် စစ်တွေမြို့နယ်အခြေစိုက်ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံ၊ဘူးသီးတောင်မြို့နယ်မှာ တည်ရှိတဲ့အမှတ် ၂၆၃ ခြေမြန်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေ၊ကရင်ပြည်နယ်၊ဘားအံမြို့န ယ်အခြေစိုက်၊အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်(တပ်မ ၂၂)တပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်သမားတွေ၊စစ်သင်တန်းဆင်မွတ်ဆလင်လက် နက်ကိုင်တွေပူးပေါင်းခုခံနေကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီမောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးမှသာ မောင်တောမြို့နယ်တခုလုံးကို အာရက္ခတပ်တော် (AA)က အလုံးစုံထိန်းချုပ်နိုင်မှာဖြစ်သလို အာရက္ခ-ဘင်္ဂလားနယ်စပ်ကိုလည်းအပြီးသတ်ထိန်းချုပ်နိုင်ပြီးနယ်စပ်ကုန်သွယ်ရေး၊သံတမန်ဆက်ဆံရေးတွေကိုလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။

အဲဒီမောင်တောတိုက်ပွဲတွေမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေတပ်မတော် (ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ် ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မ တော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေအပါအဝင် စစ်ကောင်စီလက်နက်ကိုင်ထောင်နဲ့ချီပြီး အာရက္ခတပ်တော် (AA)က စစ်သုံးပန်းတွေအဖြစ် အရှင်ဖမ်းမိထားပါတယ်။

(ဓာတ်ပုံ-စစ်ကောင်စီလက်နက်ကိုင်တချို့ကို မောင်တောမြို့ပေါ်မှာသြဂုတ်လကတွေ့ရပုံ/BNA)

See less
PrevPreviousအာရက္ခဒေသစစ်ပွဲမှာ စစ်ကောင်စီက ရေတပ်ကို အဓိကအင်အားဖြည့်ခုခံနေ
Nextမြို့တော်စစ်တွေကို စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ခံစစ်အခိုင်အမာပြုလုပ်ခုခံနေNext
Previous Post

အာရက္ခဒေသစစ်ပွဲမှာ စစ်ကောင်စီက ရေတပ်ကို အဓိကအင်အားဖြည့်ခုခံနေ

Next Post

မြို့တော်စစ်တွေကို စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ခံစစ်အခိုင်အမာပြုလုပ်ခုခံနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

Releated Post

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page