Border News Agency
တအာင်း၊ ဇန်နဝါရီ ၁၂။
၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ အာရက္ခတပ်တော်(AA)နဲ့ မြန်မာနိုင်ငံသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
ဇန်နဝါရီလ ၁၂ ရက်၊ ဒီနေ့ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ဂုဏ်ပြုပေးခဲ့ကြတာပါ။
အဲဒီလို ၆၃ နှစ်ကြာတိုက်ပွဲဝင်ခဲ့တဲ့ တအာင်းအမျိုးသားတော်လှန်ရေးဟာ ခုဆိုရင်ပြည်သူတွေမျှော်လင့်နေတဲ့ “အမျိုးသားအောင်ပွဲ”ကို လက်တွေ့ပိုင်ဆိုင်နေပြီဖြစ်လို့ များစွာဂုဏ်ယူမိတယ်လို့ ဆိုကြပါတယ်။
ခုလိုအောင်မြင်လာတာဟာ TNLA ရဲ့ ကြိုးပမ်းမှုအပြင် ညီနောင်မဟာမိတ်တွေနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကြားက “ဟန်ချက်ညီ စစ်ဆင်ရေး” ကြောင့် ဖြစ်တယ်လို့ ထောက်ပြထားကြပါတယ်။
အဲဒီညီနောင်သုံးဖွဲ့ကြားကယုံကြည်မှုကို သွေးနဲ့ချွေးနဲ့တည်ဆောက်ထားတာဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူနဲ့အတူအမြဲရှိနေမယ်လို့ အတည်ပြုလိုက်ကြတယ်လို့ဆိုပါတယ်။
အဲဒီ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့ မျှော်မှန်းချက်တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့က ဆုမွန်ကောင်းတောင်းပေးထားကြပါတယ်။






