Border News Agency
တက္ကနပ်၊ဇွန် ၁၅။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊တက္ကနပ်မြို့နယ်၊ ဟနီလာ (Hnila)၊ ဇာဒီမူရာ (Jadimura) ဒေသမှာလက်ပစ်ဗုံး ၁၀ လုံး၊ ကျည်ဆံ ၂၈ တောင့်နဲ့ မူးယစ်ဆေးဝါး၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး တက္ကနပ် ကမ်းခြေစောင့်တပ်ဖွဲ့ စခန်းမှူး လက်ဖတင်နင် မိုခ်တာဒင် ဆစ်ဒီကီကဇွန်လ၁၄ ရက်၊နေ့လည်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အတည်ပြု ပြောကြားခဲ့ပါတယ်။
လက်နက်ကိုင်အဖွဲ့တဖွဲ့ဟာ နတ်မြစ်နယ်စပ်ကို အသုံးပြုပြီး သယ်ယူပို့ဆောင်ဖို့အတွက် လက်နက်ခဲယမ်းတွေကို မြေမြှုပ်ထားတယ်ဆိုတဲ့သတင်းရရှိတာကြောင့်ဇွန်လ ၁၃ ရက်နေ့ကစစ်ဆင်ရေး ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေကို ဇာဒီမူရာ ဗုဒ္ဓဘာသာဘုရားကျောင်းအနီးမှာရှိတဲ့ ဆားကွင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေကို ဥပဒေအရ ဆက်လက်ဆောင်ရွက်ဖို့ သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။















