Border News Agency
ရသေ့တောင်၊ဇွန် ၁၅။
ရသေ့တောင်မြို့နယ်မှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၅ နှစ်အောက် ကလေးငယ်တွေကို ဝက်သက်-ဂျာမန်ဝက်သက်ရောဂါ ကာကွယ်ဆေးတွေ အခမဲ့ လိုက်လံထိုးနှံပေးနေပါတယ်။
အဲဒီပါရက္ခပြည့သူ့ကျန်းမာရေးဝန်ထမ်းတွေက ရွာပေါင်း ၁၀ ကျော်ကို ကွင်းဆင်းပြီး ဇွန်လလယ်ပိုင်းအတွင်းမှာ ပဉ္စမအကြိမ်မြော
က်အဖြစ် အခဲမဲ့ထိုးပေးခဲ့တာဖြစ်ပါတယ်။
အာရက္ခဒေသမှာ တိုက်ပွဲတွေကြောင့် ကာကွယ်ဆေးထိုးနှံမှု တနှစ်လောက် ပြတ်တောက်ခဲ့ပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကပလက်ဝဒေသအပါအဝင် အာရက္ခဒေသကမြို့နယ်တွေရှိ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေကိုစဉ်ဆက်မပြတ် ကာကွယ်ဆေးတွေ အခမဲ့ ထိုးနှံပေးနေတာဖြစ်ပါတယ်။
အဲဒီ ကာကွယ်ဆေးတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင်ထိုးနှံပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေက ဒေသခံပြည်သူတွေဆီအရောက် ကွင်းဆင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။













