Border News Agency
ကော့ကရိတ်၊ ဇန်နဝါရီ ၁၂။
ကော့ကရိတ်၊ နို့တကောမြို့နယ်နေရာ ၄ ခုမှာ စစ်ကော်မရှင်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုကို ဇန်နဝါရီလ ၉ ရက်နေ့က တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါတယ်။
ခရိုင်လုံးကျွတ် “Zero Hour” သတ်မှတ်ပြီး ပြုလုပ်တဲ့ ဒီလှုပ်ရှားမှုမှာ ဒေသခံပြည်သူ နှစ်ထောင်ခန့် ပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြပြည်သူတွေဟာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဟောပြောမှုတွေ၊ လက်ကမ်းစာစောင် ဝေငှမှုတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။
ပြည်သူ့ဆန္ဒမပါတဲ့ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာက အသိအမှတ်ပြုမှာမဟုတ်တဲ့အတွက် “သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ဆိုပြီး ကြွေးကြော်တောင်းဆိုခဲ့ကြတာပါ။
စစ်အာဏာရှင်စနစ်နဲ့ အတုအယောင်ရွေးကောက်ပွဲကို အလိုမရှိကြောင်း၊ ကော်သူးလေအစိုးရ တည်ဆောက်ရေးနဲ့ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးအတွက် ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။







































