Border News Agency
မူး၊ ဇွန် ၂၂။
ပဲခူးတိုင်းဒေသ၊ မူးမြို့နယ်မှာအာဏာသိမ်းစစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇွန်လ ၂၂ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ မူးမြို့နယ်၊ဒိုးဒိုကျေးရွာကိုကျူးကျော်ဝင်ရောက်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခမရ-၄၃၉တပ်စခန်းကို ဇွန်လ ၂၀ရက်၊ ည ၅နာရီ ၅၅ မိနစ်အချိန်ခန့်က တော်လှန်ရေးတပ်တွေတိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အာဏာသိမ်စစ်တပ်ဘက်မှ MA-1 သေနတ်နှစ်လက်နဲ့ MA-3 သေနတ်တလက် စုစုပေါင်း လက်နက်သုံးလက်သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။










