Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၁၇။
မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့အမှုမှာ ဂမ်ဘီယာဘက်ကသုံးနေတဲ့ FFM နဲ့ IIMM တွေရဲ့ အစီရင်ခံစာတွေဟာ ဘက်လိုက်မှုရှိနေတာကြောင့် တရားရုံးအနေနဲ့ ဒါတွေကိုအတည်မယူဖို့ စစ်ကော်မရှင်က တောင်းဆိုလိုက်ပါတယ်။
အဲဒီအဖွဲ့တွေရဲ့ ဘက်လိုက်မှုကိုမြန်မာဘက်က လုံးဝလက်မခံသလို ဂမ်ဘီယာက တင်ပြတဲ့အချက်အလက်တွေဟာလည်း တိကျမှုရော၊ ယုံကြည်စိတ်ချရမှုပါမရှိဘူးလို့ ဆိုပါတယ်။
ဂမ်ဘီယာဟာ ဒီအစီရင်ခံစာတွေကိုပဲ အမှန်တရားလိုစွဲကိုင်ပြီး တရားရုံးကိုလက်ခံခိုင်းနေတာဟာ မြန်မာနိုင်ငံအပေါ် ကြိုတင်ပြစ်ဒဏ်ခတ်သလို ဖြစ်နေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
အဲဒါကြောင့် တရားရုံးအနေနဲ့ သက်သေအထောက်အထားတွေကိုကြည့်တဲ့အခါ တခြားအဖွဲ့တွေရဲ့ထင်မြင်ချက်တွေနောက်မလိုက်ဘဲ ရှိရင်းစွဲဥပဒေတွေနဲ့အညီ ကိုယ်တိုင်ကိုယ်ကျသုံးသပ်ပေးဖို့ တိုက်တွန်းထားပါတယ်။
အဲဒီတရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားနဲ့ပဲ အသေးစိတ်ကြည့်ပြီး ဆုံးဖြတ်စေလိုကြောင်းနဲ့ တရားရုံးဟာလွတ်လပ်မျှတစွာဆောင်ရွက်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။






