Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၂။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ ) မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီးအမှုရင်ဆိုင်နေတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဝန်းရံအားပေးနေကြတဲ့သူတွေအနေနဲ့ အမှုဖြစ်စဉ်မှာအနှောင့်အယှက်မဖြစ်စေဖို့အတွက် အထူးသတိပြုလိုက်နာရမယ်လို့ စစ်ကော်မရှင်ကသတိပေးလိုက်ပါတယ်။
အဲဒီ အားပေးတဲ့သူတွေဟာ ICJ တရားရုံးကတရားသူကြီးတွေကို ဝေဖန်ပုပ်ခတ်တာမျိုး ဒါမှမဟုတ် တရားရုံးကိုဖိအားပေးတဲ့သဘောမျိုး ရေးသားပြောဆိုတာတွေကို လုံးဝမပြုလုပ်ကြဖို့သတိပေးထားပါတယ်။
အဲဒီအပြင် လူမျိုးရေးခွဲခြားတဲ့အသုံးအနှန်းတွေသုံးပြီး ရေးသားတာ၊ ပြောဆိုတာမျိုးတွေအပြင် လူမျိုးရေးပဋိပက္ခဖြစ်စေမယ့် လက်ကိုင်ဆိုင်းဘုတ်တွေကိုလည်း ထောက်ခံပွဲတွေမှာလုံးဝအသုံးမပြုကြဖို့ အသိပေးထားပါတယ်။
နောက်ပြီး တိုင်းရင်းသားစာရင်းထဲမှာမပါဝင်တဲ့ လူမျိုးအမည်တွေကိုသုံးပြီး အမုန်းစကား (Hate Speech) ပြောတာမျိုးတွေဟာ နိုင်ငံတကာမျက်နှာစာမှာ ပုံရိပ်ကိုထိခိုက်စေနိုင်လို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကျနော်တို့ဘက်ကကိုယ်စားလှယ်အဖွဲ့တွေဟာ နိုင်ငံတကာဥပဒေတွေအတိုင်း ခိုင်လုံတဲ့သက်သေအထောက်အထားတွေနဲ့ တရားရုံးမှာအကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနေတယ်ဆိုတာကိုပဲ အသားပေးပြီးထောက်ခံပြောဆိုပေးကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် တရားရင်ဆိုင်နေရတဲ့အချိန်အတွင်းမှာ လူမှုကွန်ရက်ပေါ်မှာပဲဖြစ်ဖြစ်၊ မြို့ရွာအသီးသီးမှာ ထောက်ခံပွဲတွေ လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ခုပြောခဲ့တဲ့အချက်တွေကို အထူးသတိထားပြီးလိုက်နာပေးကြဖို့ စစ်ကော်မရှင်ကဆိုပါတယ်။






