Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဇန်နဝါရီ ၂၆။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းအတွင်း မီးလောင်မှုတွေကို စခန်းအတွင်းရှိသူအချို့က ဒိုင်းနက်လူမျိုးတဦးကို ဖမ်းဆီးကာ အာရက္ခတပ်တော် (AA)က ခိုင်းစေတာဖြစ်ကြောင်း အတင်းအဓမ္မဝန်ခံခိုင်းနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကဆိုကြပါတယ်။
အဲဒီဖမ်းဆီးနှိပ်စက်ခံရသူဦးစိန်ယောင်နာဟာ ဇန်နဝါရီလ ၁၉ ရက်နေ့က ဒုက္ခသည်စခန်းအတွင်းသို့ ဟင်းသီးဟင်းရွက်တွေ သွားရောက်ရောင်းချစဉ် စခန်းအတွင်းမှာဖမ်းဆီးခံခဲ့ရတယ်လို့ဆိုကြပါတယ်။
အဲဒီ ဦးစိန်ယောင်နာဟာကို ဒုက္ခသည်စခန်းအတွင်း မီးလောင်မှုတွေနဲ့ပတ်သက်လို့ အာရက္ခတပ်တော်က မီးရှို့ခိုင်းတာဆိုပြီး မဟုတ်မမှန် စွပ်စွဲနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကဆိုကြပါတယ်။
အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးက Border News Agency ကိုခုလိုပြောပါတယ်။
”သူတို့အမျိုးကိုဘယ်လိုမှယုံလို့မရပါဘူး။ အသေကိုအရှင်လုပ်တတ်တဲ့အမျိုးတွေပါ။ သူတို့စခန်း မီးလောင်တာကို အခုလို ဒုက္ခသည်စခန်းထဲဟင်းသီးဟင်းရွက် ဈေးရောင်းဖို့လာတဲ့ ဒိုင်းနက်လေးကိုဖမ်းပြီးတော့ ‘မင်း စခန်းကိုမီးရှို့ဖို့ လာတာမလား။ မင်းကိုရခိုင်တပ်တော်က လွှတ်လိုက်တာမလား’ဆိုပြီးဝန်ခံဖို့ အတင်းစွပ်စွဲ ခိုင်းနေတာပါ”။
အဲဒီစွပ်စွဲချက်တွေကိုသာ ဝန်မခံရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နှိပ်စက်ခဲ့ကြသလို ဦးစိန်ယောင်နာရဲ့ကြောက်လန့်တုန်ရီနေတဲ့ ရုပ်သံဖိုင်ကို ရိုက်ကူးပြီး AA က ငွေပေးခိုင်းစေတာဖြစ်တယ်လို့ ဝါဒဖြန့်ဖို့လူမှုကွန်ရက်မှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကဆိုကြပါတယ်။
အဲဒီလိုလုပ်ရပ်တွေဟာ ဒေသတွင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် အကွက်ကျကျ ဖန်တီးနေတာဖြစ်ပြီး ရခိုင်ပြည်ဘက်က ရောက်လာသူတွေဟာ နယ်ခံတွေကိုပါ သွေးထိုးလှုံ့ဆော်တာတွေ ပြုလုပ်နေတယ်လို့ ဆိုကြပါတယ်။
”အရင်ကဒီနယ်ခံကုလားတွေကဒီလောက်မဆိုးဘူး။ ဟိုဘက်ကလာတဲ့သူတွေကအရမ်းညစ်ပတ်တယ်။ သူတို့ကဒီကလူတွေကိုပါလာပြီးသွေးထိုးလိုက်တော့အခုဒီမှာလည်း ကုလားတွေကယုတ်မာလာကြတာ။ မဟုတ်မမှန် လုပ်ကြံစွပ်စွဲတာတွေကို သတင်းမှာသေသေချာချာ ထည့်ရေးပေးရပါမယ်”။လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီဖြစ်စဉ်တွေဟာ ဒုက္ခသည်စခန်းအတွင်းရှိ အစွန်းရောက်အကြမ်းဖက်သမားတွေက သူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ဒေသခံတိုင်းရင်းသားတွေအပေါ် အပြစ်ပုံချနေတာလို့ ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ကိုလည်း နိုင်ငံတကာမှအထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်နေကြတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကဆိုကြပါတယ်။
အဲဒီဖမ်းဆီးနှပ်စက်ခံနေရတဲ့ ဦးစိန်ယောင်နာမှာ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှပတ်သက်တာမရှိဘဲ မိသားစုအတွက် ရိုးသားစွာ ဟင်းသီး၊ ဟင်းရွက်ရောင်းချနေသူတဦးဖြစ်တယ်လို့ ဆိုကြပါတယ်။






