Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဓာတ်ပုံသတင်း

​ထိုင်းရောက်မြန်မာတွေ ဆယ့်လေးရက်တာ “အသံတိတ်လှုပ်ရှားမှု” စတင်

​ဓာတ်ပုံ - အေအေစီရဲမင်း
Author picture

By

Shin Myat Phyu
Reading Time: 1 min read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
​မဲဆောက်၊ ဇန်နဝါရီ ၂၈။

​ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာနဲ့ အဖမ်းအဆီး ကြမ်းလာတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆယ့်လေးရက်တာအပြင်မထွက် အသံတိတ်နေထိုင်ခြင်း (14 Days Silence Strike) လှုပ်ရှားမှုကို ထိုင်းရောက်မြန်မာတွေ ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဇန်နဝါရီလတတိယပတ်ကစတင်ပြီး TikTok နဲ့ Facebook စတဲ့ လူမှုကွန်ရက်တွေကတဆင့် တဦးကိုတဦးမျှဝေနှိုးဆော်ရင်း အင်အားကောင်းလာခဲ့တာပါ။

အဲ​ဒီလို အသံတိတ်လှုပ်ရှားမှုပေါ်ပေါက်လာရတာဟာ “ထိုင်းမျိုးချစ် (နှုတ်ခမ်းမွှေး) အဖွဲ့” က မြန်မာလုပ်သမားတွေရဲ့နေထိုင်မှုနဲ့ ဈေးရောင်းချမှုတွေကို လိုက်လံမှတ်တမ်းတင်ရန်စတာတွေကို တုံ့ပြန်ရာကနေစတင်ခဲ့တာဖြစ်ပါတယ်။

အဲဒါ​ကြောင့် လက်ရှိမှာထိုင်းအာဏာပိုင်တွေရဲ့ တရာ့နှစ်ဆယ်ရက်စီမံချက်ပြီးဆုံးသွားပေမယ့် တရားမဝင်လုပ်သားရှာဖွေရေး အကြောင်းပြချက်နဲ့ ဈေးနဲ့လူစည်ကားတဲ့နေရာတွေမှာ မြန်မာတွေကိုဆက်တိုက်ဖမ်းဆီးနေဆဲ ဖြစ်ပါတယ်။

​”ဒီလှုပ်ရှားမှုက မြန်မာတွေဝယ်ယူအားပေး လည်ပတ်နေတဲ့ထိုင်းဈေးတွေနဲ့ ကုန်တိုက်တွေမှာ မြန်မာတွေရဲ့အင်အားကို ပြသတာပါ။ မြန်မာတွေရဲ့ အားပေးမှုလျော့သွားရင် ထိုင်းစီးပွားရေးကဏ္ဍမှာမြန်မာတွေဟာ ဘယ်လောက်အထိ အရေးပါတဲ့နေရာမှာ ရှိနေလဲဆိုတာကိုသိအောင် လုပ်ပြတာဖြစ်တယ်။” လို့ ထိုင်းရောက်မြန်မာတဦးက Border News Agency ကို ပြောပါတယ်။

​အဲဒီလှုပ်ရှားမှုကြောင့် စမွတ်စခွန် (မဟာချိုင်) ရှိ ယူနစ်ဝေလဈေး၊ ထိုင်းယူနစ်ဈေးနဲ့ တလာထိုင်းစတဲ့ နာမည်ကြီးတနင်္ဂနွေဈေးတွေမှာ ယခင်ကမြန်မာလုပ်သား ထောင်နဲ့ချီစည်ကားခဲ့ပေမယ့် ဇန်နဝါရီ ၂၅ ရက် တနင်္ဂနွေနေ့မှာတော့ လူဦးရေခုနှစ်ဆယ်ရာခိုင်နှုန်းလောက်အထိ သိသိသာသာလျော့နည်းသွားခဲ့ပါတယ်။

အဲဒါကြောင့် လက်ရှိမှာမြန်မာလုပ်သားအများစုဟာ အလုပ်တက်၊ အလုပ်ဆင်းချိန်ကလွဲရင် အားလပ်ရက်တွေမှာတောင် အဆောင်ပြင်ပကိုမထွက်ဘဲ အသံတိတ်နေထိုင်နေကြတာပါ။

​မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း ရန်ကိုရန်နဲ့မတုံ့ပြန်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

အဲဒီလှုပ်ရှားမှုဟာ မြန်မာတွေရဲ့စည်းလုံးမှုကို ပြသရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်အန္တရာယ်ကနေ ကာကွယ်ရာလည်းရောက်တယ်လို့ ပါဝင်သူတွေကဆိုပါတယ်။

​”ကျွန်တော်တို့အပြင်မထွက်ရင် ရန်စခံရတာ၊ ဖမ်းဆီးခံရတာတွေကနေ ကင်းဝေးမယ်။ တဖက်ကလည်း မြန်မာတွေဈေးမဝယ်တော့ရင် ထိုင်းတွေဘက်က စီးပွားရေးဘယ်လောက် နစ်နာမလဲဆိုတာ သူတို့သိသွားအောင်လို့ပါ။ ကျွန်တော်တို့ မြန်မာတွေစည်းစည်းလုံးလုံးနဲ့ ဇန်နဝါရီ ၂၆ ရက်ကနေ စတင်လှုပ်ရှားနေပါပြီ။” လို့ လှုပ်ရှားမှုမှာပါဝင်တဲ့ မြန်မာအလုပ်သမားတဦးက Border News Agency ကိုပြောပါတယ်။

အဲ​ဒီဆယ့်လေးရက်တာလှုပ်ရှားမှုအတွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ Passport၊ CI နဲ့ Work Permit စတဲ့ အထောက်အထားမပြည့်စုံရင် အပြင်မထွက်ကြဖို့အချင်းချင်းသတိပေးနေကြပါတယ်။

အဲဒီအပြင် လူစုလူဝေးလုပ်တာ၊ အရက်သောက်ဆူညံတာတွေကို ရှောင်ကြဉ်ဖို့နဲ့ အွန်လိုင်းပေါ်မှာလည်း ထိုင်းလူမျိုးတွေကို ရိုင်းစိုင်းစွာပြန်လည်တုံ့ပြန်တာမျိုးမလုပ်ကြဖို့ လှုပ်ရှားသူတွေကအသိပေးထားပါတယ်။

​”ထိုင်းနိုင်ငံမှာမြန်မာတွေသာမရှိရင် ကျောင်းအချို့ ပိတ်လိုက်ရမှာဖြစ်သလို၊ ဈေးကွက် စီးပွားရေးနဲ့ အိမ်ခြံမြေလုပ်ငန်းတွေပါ ရပ်နားသွားရလိမ့်မယ်” ထိုင်းလူမျိုးဆရာမတဦးကလည်း သူမရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

​မြန်မာအရေး လှုပ်ရှားသူတွေကတော့ ထိုင်းနိုင်ငံမှာနေထိုင်တဲ့အခါ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဥပဒေတွေကိုလေးစားလိုက်နာပြီး စနစ်တကျနေထိုင်သွားကြဖို့လည်း မြန်မာရွှေ့ပြောင်း လုပ်သားထုကို အထူးတိုက်တွန်းထားကြပါတယ်။

PrevPreviousထိုင်းနိုင်ငံရှိလင်းဆွဲအချို့ သေဆုံးနှုန်းမြင့်မားတဲ့ နီပါး(Nipah) ဗိုင်းရပ်စ်ပိုးတွေ့
Next​မြန်မာ့ရွေးကောက်ပွဲကိစ္စနဲ့ ပူးပေါင်းဆောင်ရွက်ရေး ရောမရှိ နိုင်ငံတကာသံတမန်တွေနဲ့ ညှိနှိုင်းNext
Previous Post

ထိုင်းနိုင်ငံရှိလင်းဆွဲအချို့ သေဆုံးနှုန်းမြင့်မားတဲ့ နီပါး(Nipah) ဗိုင်းရပ်စ်ပိုးတွေ့

Next Post

​မြန်မာ့ရွေးကောက်ပွဲကိစ္စနဲ့ ပူးပေါင်းဆောင်ရွက်ရေး ရောမရှိ နိုင်ငံတကာသံတမန်တွေနဲ့ ညှိနှိုင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓါတ်ပုံ - အလယ်ပိုင်း ၊ မင်းပြား/သင်ပုန်းကြီး

မင်းပြားမှာ ရေထပ်တက်လို့ ရပ်ကွက်အားလုံး ရေကြီး

July 9, 2026

မင်းပြားမြို့နယ်မှာနှစ်ဆယ့်နှစ်ရွာထက်မနည်းရေနစ်မြုပ်နေ

July 9, 2026

ပလက်ဝမှာ ရေကြီးလို့ အိမ်နဲ့စပါးခင်းတွေ ပျက်စီး

July 9, 2026
Photo - GEM

မင်းပြားမှာ မိုးအဆက်မပြတ်ရွာလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေ

July 9, 2026

ပလက်ဝမှာ ရေကြီးလို့ အိမ်နဲ့စပါးခင်းတွေ ပျက်စီး

အာရက္ခဒေမှာ ရေကြီးမှုအမြင့်ဆုံးအဆင့်ရောက်မယ်လို့သတိပေး

မင်းပြားမှာ မိုးအဆက်မပြတ်ရွာလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေ

တော်ဝင်ဒေါင်းတပ်ရင်းမှ ခွင့်မဲ့ပျက်ကွက်သူအချို့ကို တပ်ပြေးအဖြစ် ကြေညာ

မလေးရှားမှာ အိန္ဒိယနိုင်ငံသားတွေကိုခိုးသွင်းတဲ့ မှောင်ခိုသမားတဦး ဖမ်းမိ (ဓာတ်ပုံသတင်း)

လယ်မူလားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Releated Post

ပလက်ဝမှာ ရေကြီးလို့ အိမ်နဲ့စပါးခင်းတွေ ပျက်စီး

July 9, 2026

အာရက္ခဒေမှာ ရေကြီးမှုအမြင့်ဆုံးအဆင့်ရောက်မယ်လို့သတိပေး

July 9, 2026
Photo - GEM

မင်းပြားမှာ မိုးအဆက်မပြတ်ရွာလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေ

July 9, 2026
ဓာတ်ပုံ - တော်ဝင်ဒေါင်းတပ်ရင်း

တော်ဝင်ဒေါင်းတပ်ရင်းမှ ခွင့်မဲ့ပျက်ကွက်သူအချို့ကို တပ်ပြေးအဖြစ် ကြေညာ

July 9, 2026
ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ အိန္ဒိယနိုင်ငံသားတွေကိုခိုးသွင်းတဲ့ မှောင်ခိုသမားတဦး ဖမ်းမိ (ဓာတ်ပုံသတင်း)

July 9, 2026
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

လယ်မူလားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

July 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page