Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁။
နေပြည်တော်မှာရှိတဲ့ Naypyitaw State Academy အတွက် လိုအပ်တဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးဖို့ မြန်မာနဲ့ အိန္ဒိယအစိုးရကြားနားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ MoU အရ အိန္ဒိယနိုင်ငံဘက်ကနေ ရူပဗေဒနဲ့ဓာတုဗေဒဘာသာရပ်တွေအတွက် လိုအပ်တဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊ သုတေသနသုံး သိပ္ပံပစ္စည်းတွေနဲ့ သင်ကြားမှုဆိုင်ရာ Software တွေကို ထောက်ပံ့ပေးသွားမှာလို့ဆိုပါတယ်။
အဲဒီပစ္စည်းတွေဟာ ကျောင်းရဲ့သုတေသနနဲ့ သင်ကြားရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်မယ်လို့ ပညာရေးဝန်ကြီးဌာနကပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကလည်း နှစ်နိုင်ငံပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ သုတေသနလုပ်ငန်းတွေအတွက် အခုလို ထောက်ပံ့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ MoU ကို ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာဇော်မြင့်နဲ့ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur တို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-စစ်ကော်မရှင်
သတင်းအပြည့်အစုံဖတ်ရန် –
#နေပြည်တော် #ထောက်ပံ့ပေး #မြန်မာ #အိန္ဒိယ #MoU #လက်မှတ်ရေးထိုး #BNA






