Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း

ကမ္ဘောဒီးယားစစ်တပ်တောမီးရှို့ရာမှ လေကြောင်းပြောင်းပြီး တပ်မှူးအိမ်ပါပြာကျ

Photo-Army Military Force

Photo-Army Military Force

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
15
VIEWS
Share on FacebookShare on Twitter

Border News Agency

ထိုင်း၊ ဖေဖော်ဝါရီ ၂၀။

​ထိုင်းရှေ့တန်းစခန်းတွေကို နှောင့်ယှက်ဖို့ ကမ္ဘောဒီးယားစစ်တပ်က ၃ ရက်ဆက်တိုက်တောမီးရှို့တိုက်ခိုက်ခဲ့ရာကနေ လေကြောင်းပြောင်းပြီး ကမ္ဘောဒီးယားဘက်ခြမ်းက တပ်စုမှူးနေအိမ်နဲ့ စစ်စခန်းအချို့ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကတည်းက စတင်ရှို့ခဲ့တဲ့ဒီမီးဟာ လက်ရှိအချိန်အထိ ထိန်းချုပ်လို့မရသေးဘဲ ကမ္ဘောဒီးယားဘက်ခြမ်းက နေအိမ်တွေနဲ့ ဆီဆိုင်တွေအနီးအထိ ကူးစက်နေတာပါ။

အဲဒီမီးရှို့ခဲ့တဲ့ ကမ္ဘောဒီးယားတပ်သားသစ်တွေက “တကယ်ကြီး လောင်နေပြီ၊အန္တရာယ်ရှိပြီ” လို့ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

​ဒီတောမီးကြောင့် ပရယ်ဝိဟီယားပြည်နယ်က ကမ္ဘောဒီးယားတပ်စုမှူးနေအိမ်ဟာ လုံးဝပြာကျသွားခဲ့ပြီး စစ်စခန်းတွေအနီးကိုပါ မီးကူးစက်လာတာကြောင့် စစ်သားတွေဟာ ပျာယာခတ်ပြီး မီးငြှိမ်းသတ်နေကြရပါတယ်။

​အစပိုင်းမှာ ထိုင်းဘက်ကိုနှောင့်ယှက်ဖို့ ကြုံးဝါးခဲ့ပေမယ့် အခုအခါမှာတော့ မီးကို မငြှိမ်းသတ်နိုင်တော့တာကြောင့် မိုးရွာချပေးဖို့ နတ်ဒေဝါတွေကိုပါ ကမ္ဘောဒီးယားစစ်သားတွေက ပြန်လည်ရှိခိုးဆုတောင်းနေရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ 

ဒီဖြစ်စဉ်ဟာ အခုနှစ်အတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်မှာ စစ်ရေးတင်းမာမှုတွေရှိနေစဉ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

အခုလို တောမီးရှို့ပြီး နှောင့်ယှက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေကြောင့် နယ်စပ်ဒေသက အရပ်သားပြည်သူတွေမှာလည်း မီးဘေးအန္တရာယ်အပြင် မီးခိုးငွေ့ညစ်ညမ်းမှုဒဏ်တွေကိုပါနှစ်ဖက်စလုံးက ခံစားနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီတောမီးဟာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာကိုပါ ပိုမိုဆိုးရွားစေတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်ကလည်း နယ်စပ်တစ်လျှောက် မီးရှို့မှုတွေကိုထိန်းသိမ်းဖို့ ကမ္ဘောဒီးယားဘက်ကို တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ မီးလောင်ကျွမ်းခဲ့တဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေနဲ့ နေအိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေဘက်က သတင်းအမှောင်ချထားဆဲ ဖြစ်ပါတယ်။

PrevPreviousအမေရိကန်ရဲ့ စစ်ဗျူဟာမြောက်အကြီးစားသင်္ဘောကြီး ထိုင်းသို့ဆိုက်ရောက်
Nextကမ္ဘောဒီးယားမှာ တောထဲစွန့်ပစ်ခံရတဲ့ ထိုင်းဘဏ်အကောင့်ဖွင့်ပေးသူ ၁၄ ဦးကို နယ်စပ်မှာဖမ်းမိNext
Previous Post

အမေရိကန်ရဲ့ စစ်ဗျူဟာမြောက်အကြီးစားသင်္ဘောကြီး ထိုင်းသို့ဆိုက်ရောက်

Next Post

ကမ္ဘောဒီးယားမှာ တောထဲစွန့်ပစ်ခံရတဲ့ ထိုင်းဘဏ်အကောင့်ဖွင့်ပေးသူ ၁၄ ဦးကို နယ်စပ်မှာဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - လူမူကွန်ရက်

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

March 19, 2026

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

March 19, 2026

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

March 19, 2026
Photo - APM

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

March 19, 2026

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

​မူတြော်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

​မြိုင်မှာ ရိက္ခာရှာထွက်တဲ့ပျူစောထီးတွေ မိုင်းဆွဲခံရ

Releated Post

ဓာတ်ပုံ - လူမူကွန်ရက်

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

March 19, 2026

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

March 19, 2026

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

March 19, 2026
Photo - APM

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

March 19, 2026
Photo-KNU

​မူတြော်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

March 18, 2026

​မြိုင်မှာ ရိက္ခာရှာထွက်တဲ့ပျူစောထီးတွေ မိုင်းဆွဲခံရ

March 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page