Border News Agency
မဲဆောက်၊ မတ် ၅။
မဲဆောက်မြို့ လဝကရုံးရှေ့မှာတင် တရားမဝင်ခိုးဝင်လာသူနဲ့ ဗီဇာသက်တမ်းကျော်နေထိုင်သူ နိုင်ငံခြားသား ၃ ဦးကို မတ်လ ၄ ရက်၊မနေ့ကဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး တာ့ခ်လဝကထုတ်ပြန်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေထဲမှာ တရားမဝင်ခိုးဝင်လာတဲ့ အသက် ၂၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးနဲ့ ဗီဇာသက်တမ်း တနှစ်ကျော်အောင် ကျော်လွန်နေထိုင်နေတဲ့ အသက် ၂၂ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသား ၂ ဦး ပါဝင်ပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသား ၃ ဦးလုံးကို ဥပဒေအရထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို လွှဲပြောင်းပို့ဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။











