Border News Agency
အီရန်၊ မတ် ၈။
အမေရိကန်နဲ့အစ္စရေးစစ်တပ်တို့ ပူးပေါင်းပြီး အီရန်နိုင်ငံရဲ့အဓိက စွမ်းအင်အခြေစိုက်စခန်း ၃ ခုကို မတ်လ ၇ ရက်၊မနေ့ ညနေအချိန်က လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ အီရန်နိုင်ငံ၊တီဟီရန်မြို့အတွင်းရှိ ကူဟက်နဲ့ရှားရန်ဒေသတွေအပြင် မြို့တော်ရဲ့အနောက်ဘက်မှာရှိတဲ့ ကာရက်ချ်ဒေသရှိ ရေနံချက်စက်ရုံနဲ့ ရေနံသိုလှောင်ကန်တွေကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ အီရန်ဘက်ကအစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ချက်ချင်းဆိုသလို ပေါ်ပေါက်လာတဲ့ တုံ့ပြန်စစ်ဆင်ရေးတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပေါက်ကွဲမှုတွေအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ နောက်ဆက်တွဲ စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။












