Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency
နီပေါ၊ မတ် ၁၀။

ဂျင်ဇီတွေလမ်းမပေါ်ထွက်ပြီး ဖြုတ်ချခဲ့တဲ့ နီပေါဝန်ကြီးချုပ်ဟောင်းကေပီရှာမာအိုလီ(K. P. Sharma Oli)ဟာ ၂၀၂၆ ခုနှစ်၊မတ်လ ၅ ရက်နေ့ကျင်းပတဲ့ လူထုလွတ်တော်ပရာတီနီဒီဆာဘာ( Pratinidhi Sabh)ရွေးကောက်ပွဲမှာ ရှုံးသွားတယ်လို့ နီပေါသတင်းဌာနတွေဆိုပါတယ်။

အဲဒီရွေးကောက်ပွဲမဲရလဒ်တွေကို မတ် လ ၆ ရက်နေ့နဲ့ မတ်လ ၇ ရက်နေ့မှာ မဲရရေတွက်နေတာပါ။

ဝန်ကြီးချုပ်ဟောင်းဟာ မက် – လီနင်ဝါ ဒီနီပေါကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

ဂျာပါ(Jhapa)အမှတ် ၅ မဲဆန္ဒနယ်မြေမှာ သူဟာဝင်ပြိုင်တဲ့အခါ ပြိုင်ဖက်ရာစထရိယဆွာတန်တရပါတီ( Rastriya Swatantra Party)က ဘာလင်ရှား(Balen Shah)ကို ရှုံးသွားတယ်လို့ဆိုပါတယ်။

ဘာလင်ရှားဟာ ၆၈၃၄၈ မဲရပြီး ဝန်ညကြီးချုပ်ဟောင်း အိုလီက ၁၈၇၃၄ ရခဲ့တာပါ။ ဘာလင်ရှားဟာ အိုလီထက် ၄၉ ၆၁၄ မဲ အသာရခဲ့ပြီး ဒါဟာနီပေါနိုင်ငံရေးသမိုင်းမှာ သိသာထင်ရှားတဲ့မဲရလဒ်ကွာခြားမှုဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်းအိုလီကို အနိုင်ရခဲ့တဲ့ဘာလင်ရှားဟာ ခေတ္တမန္ဒူရဲ့ မြို့တော်ဝန်ဟောင်းလည်းဖြစ်ပါတယ်။

သူကို အနာဂတ်မှာဝန်ကြီးချုပ်လောင်းအဖြစ်လျာထားတယ်လို့ဆိုပါတယ်။

ဘာလင်ရှားဟာ လူငယ်တွေကြားမှာလည်းရေပန်းစားသူဖြစ်ပြီး သူရဲ့တိုးတက်တဲ့ခေါင်းဆောင်မှုနဲ့ ကတိကဝတ်တွေလည်း လူကြိုက်များပါတယ်။

အဲဒီရလဒ်ကကွန်မြူနစ်ပါတီအားကောင်းတဲ့ကိုရှီနယ်မြေ(Koshi Province)ထဲမှာ အပြောင်းအလဲဖြစ်သွားစေခဲ့ပါတယ်။

နီပေါရဲ့လူထုလွတ်တော်မှာ အမတ်ပေါ င်း ၂၇၅ ယောက်ရှိပါတယ်။

အဲဒီထဲက အမတ် ၁၆၅ ယောက်ကို မဲများသူအကုန်ယူစနစ်(FPTP)စနစ်နဲ့ ရွေးကောက်ပါတယ်။ကျန် ၁၁၀ ဦးကိုတော့ ပါတီကိုအချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးချယ်ရပါတယ်။

လက်ရှိ ရွေးကောက်ပွဲမှာတော့ မဲပေးဖို့ လူပေါင်း ၁၈.၉ သန်း မှတ်ပုံတင်ကြတယ်လို့ ဆိုပါတယ်။

အဲဒီမှာပါဝင်ယှဥ်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းပေါင်း ၃၄၀၀ ကျော်ရှိပြီး ၆၈ ပါတီဝင်ပြိုင်ကြတယ်လို့ ဆိုပါတယ်။

နီပေါဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီးလွှတ်တော်နှစ်ရပ်ရှိပါတယ်။ လူထုလွတ်တော် ပရာတီနီဒီဆာဘာကဝန် ကြီးချုပ်ကို တင်မြောက်မှာပါ။

အထက်လွှတ်တော်ရာစထရိယဆာဘာ (Rriya Sabh)မှာတော့ အမတ် ၅၉ ယောက်ရှိပြီး ပြည်နယ် ၇ ခုက ပြည်နယ်အမတ် ၈ ဦးစီရွေးချယ်ပေးရပါတယ်။ ကျန် ၃ ဦးကိုတော့ အစိုးရအဖွဲ့ရဲ့သဘောထားမှတ်ချက်အရ သမ္မတကရွေးချယ်ပေးပါတယ်။

မကြာခင်မှာတော့ နီပေါရွေးကောက်ပွဲ ရလဒ်တွေကပိုမိုပီပြင်လာဖို့ရှိနေပြီး အေးအေးဆေးဆေး ပြီးဆုံးသွားမှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

PrevPrevious​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး
Next​ဘန်ဒါအဘတ်စ်မြို့အနီး အီရန်ရေပြင်မှာ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရNext
Previous Post

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

Next Post

​ဘန်ဒါအဘတ်စ်မြို့အနီး အီရန်ရေပြင်မှာ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​အစ္စရေးစစ်တပ်ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးစခန်းတိုက်ခိုက်ခံရလို့ပျက်စီး

March 10, 2026

​ဘန်ဒါအဘတ်စ်မြို့အနီး အီရန်ရေပြင်မှာ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရ

March 10, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026

​အစ္စရေးစစ်တပ်ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးစခန်းတိုက်ခိုက်ခံရလို့ပျက်စီး

​ဘန်ဒါအဘတ်စ်မြို့အနီး အီရန်ရေပြင်မှာ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရ

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

Releated Post

​အစ္စရေးစစ်တပ်ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးစခန်းတိုက်ခိုက်ခံရလို့ပျက်စီး

March 10, 2026

​ဘန်ဒါအဘတ်စ်မြို့အနီး အီရန်ရေပြင်မှာ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရ

March 10, 2026

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

March 10, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page