Border News Agency
အီရန်၊ မတ် ၁၀။
အီရန်နိုင်ငံတောင်ပိုင်း၊ ဟော်မုဇ်ဂန်ပြည်နယ်ရှိ ဘန်ဒါအဘတ်စ်မြို့နဲ့မလှမ်းမကမ်း ပါရှန်းပင်လယ်အော်အတွင်းမှာ မတ်လ ၉ ရက်၊ ညနေပိုင်းက ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုဟာ အီရန်နိုင်ငံရဲ့ ပိုင်နက်ရေပြင်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာနဲ့ သင်္ဘောပေါ်က ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ လတ်တလောမှာအတည်မပြုနိုင်သေးပါဘူး။
ပါရှန်းပင်လယ်အော်နဲ့ ဟော်မုဇ်ရေလက်ကြားတလျှောက်မှာ အမေရိကန်၊ အစ္စရေးနဲ့အီရန်ကြား စစ်ရေးတင်းမာမှုတွေအမြင့်ဆုံးရောက်နေချိန်မှာ အခုလိုရေနံတင်သင်္ဘောပစ်မှတ်ထား တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
အီရန်အာဏာပိုင်တွေဘက်က အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးမှုတွေလုပ်ဆောင်နေသလို ဒီဖြစ်စဉ်ကြောင့် ဒေသတွင်း ရေကြောင်းကုန်သွယ်ရေးလုံခြုံမှုအပေါ် စိုးရိမ်မှုတွေထပ်မံမြင့်တက်လာနေတယ်လို့သိရပါတယ်။









