Border News Agency
ကျောက်ဖြူ၊ မတ် ၁၉။
ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်ကအသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ လူနေ
အိမ်တွေပျက်စီးသွားတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ ဒိုးတောင်ရွာကို မတ်လ ၁၈ ရက်၊မနက် ၁၁ နာရီ ၆ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်မှ အသေခံဒရုန်းသုံးစီးနဲ့ ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီပျက်စီးသွားတဲ့နေအိမ်ဟာ ဒိုးတောင်ရွာမှ ဦးမြမောင်ဝင်းနဲ့ ဦးသိန်းညွန့်ချေတို့ရဲ့ နေအိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်မှုကြောင့် ဒိုးတောင်ရွာမှ လူနေအိမ်နှစ်လုံးပျက်စီးသွားပြီး ဝက်တကောင်လည်း နေရာမှာတင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါ
အဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်
ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။










