Border News Agency
စစ်ကိုင်း၊မတ် ၂၆။
ဗမာ့တပ်တော်(Bamar Army – BA)ရဲ့ အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို အမှတ် ၁ စစ်ဦးကွပ်ကဲရေးဒေသမှာ မတ်လ၂၆ ရက် ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာသင်တန်းဆင်းရဲဘော်သစ်တွေကို တာဝန်ရှိသူတွေဂုဏ်ပြုစကားပြောပြီးတာဝန်ပေးခဲ့ကြပါတယ်။
အဲဒီသင်တန်းဆင်းရဲဘော်သစ်တွေဟာ ဗမာ့တပ်တော်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။
ဗမာ့တပ်တော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားဖော်ဆောင်နေပါတယ်။
အဲဒီဗမာ့တပ်တော်ကို အာရက္ခတပ်တော်ကစစ်ရေးအကူအညီတွေပေးဖူးပါတယ်။










