Border News Agency
အိန္ဒိယ၊ဇွန် ၁၁။
အိန္ဒိယနိုင်ငံက ရူပီး ၁၇ သန်းကျော်တန်ဖိုးရှိတဲ့ ငလျင်ဒဏ်ခံ အဆောက်အအုံ စစ်ဆေးရေးကိရိယာ ၆ မျိုးကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဆီ ဇွန်လ ၁၀ ရက်နေ့က ဒုတိယအကြိမ်မြောက် လှူဒါန်းပေးခဲ့ပါတယ်။
အဲဒီအထဲမှာ ဒရုန်းတွေ၊အဆောက်အအုံကြံ့ခိုင်မှုစစ်ဆေးတဲ့ ဆင်ဆာတွေနဲ့ Thermal Camera တွေ ပါဝင်ပါတယ်။
ဒီကိရိယာတွေကို ငလျင်ဒဏ်သင့်တဲ့ အဆောက်အအုံတွေကို ပြုပြင်တဲ့နေရာမှာ သုံးဖို့အတွက် ရည်ရွယ်တာပါ။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အိန္ဒိယဘက်ကနေ ရူပီး ၂၀ သန်းကျော်ဖိုးရှိတဲ့ စစ်ဆေးရေးကိရိယာ ၁၁ မျိုးကို ပထမအကြိမ် လှူဒါန်းပေးခဲ့ပါသေးတယ်။
လက်ရှိမှာလည်း ငလျင်ကော်မတီက မြန်မာနိုင်ငံအတွင်းက ငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေမှာ အဆောက်အအုံတွေကို စစ်ဆေးတာနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့ သိရပါတယ်။
















