Border News Agency
နေပြည်တော်၊ မတ် ၂၇။
အာဏာသိမ်းစစ်တပ်ခေါင်းဆောင်အပြောင်းအလဲလုပ်မယ်လို့ အာဏာသိမ်းဒုခေါင်းဆောင်စိုးဝင်းပြောပါတယ်။
သူဟာ နေပြည်တော်မှာလုပ်တဲ့ အငြိမ်းစားအရာရှိကြီးတွေကို ကန်တော့တဲ့ပွဲမှာ ပြောတာဖြစ်ပြီး မကြာခင်အစိုးရသစ်ဆီအာဏာလွှဲပေးမယ်လို့လည်း ဆိုပါတယ်။
စစ်ခေါင်းဆောင်ဘယ်သူပဲပြောင်းပြော င်းချမှတ်ထားတဲ့လမ်းစဉ်အတိုင်း ဆက်သွားမှာဖြစ်သလို စစ်တပ်ရဲ့တာဝန်တွေကိုလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း တိုင်းပြည်တည်ငြိမ်ဖို့အတွက် စစ်တပ်ရဲ့အခန်းကဏ္ဍက အရေးကြီးတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရားမဝင်ရွေးကောက်ပွဲကတဆင့်အတင်းအဓမ္မသမ္မတလုပ်မှာမို့ စစ်ခေါင်းဆောင်နေရာကိုအပြောင်းအလဲလုပ်ပေးခဲ့မှာဖြစ်ပါတယ်။






