Border News Agency
စစ်တွေ၊ မတ်လ ၂၉။
အာဏာသိမ်းစစ်တပ်ရဲ့ပြည်နယ်ရုံးရှိရာမြို့တော်စစ်တွေကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ စစ်ကော်မရှင်တပ်က လေကြောင်းအသုံး ပြုအပြင်းအထန်ခုခံနေတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီစစ်တွေ-ပုဏ္ဏားကျွန်းအစပ်၊ကုလားတန်မြစ်ထွက်ဝကိုထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်၊ရွှေမင်းဂံရှိစစ်ကော်မရှင်တပ်ရဲ့အမှတ် ၃ ရေတပ်ဗျူဟာအပါအဝင်စစ်တွေမြို့နယ်ခံစစ်နေရာတွေကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက် ခိုက်နေတာပါ။
အဲဒီရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ပု ဏ္ဏားကျွန်းမြို့နယ်အစပ်နေရာအားလုံးမှာစစ်ကော်မရှင်တပ်ဟာ ရေတပ်စစ်သ င်္ဘောတွေ၊အထိုင်ခံစစ်တွေအခိုင်အမာ ပြုလုပ်ခုခံနေပါတယ်။
အဲဒီနေရာတွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားထောင်ချီဖြည့်တင်းခံစစ်အခိုင်အမာပြုလုပ်ထားပြီအာရက္ခတပ်တော်ထိုးစစ်ကို ကြည်း၊ရေ၊လေပူးပေါ င်းခုခံနေပါတယ်။
ဒါပေမယ့်အာရက္ခတပ်တော်ဟာစစ်တွေမြို့နယ်မှာအခိုင်အမာခြေကုတ်ယူထားပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ စစ်ကော်မရှင်တပ်ကလေကြောင်းပစ်ကူအပြင်းအထန်းပြုလုပ်ခုခံနေရတယ်လို့ စစ်ကော်မရှင်တပ်အ သိုင်းအဝိုင်းက ဆိုကြပါတယ်။
“ကြည်းရေလေပူးပေါင်းခုခံနေတယ်။လေကြောင်းပစ်ကူအများကြီးသုံးနေတယ်။ပုဏ္ဏားကျွန်းကိုခြေကုတ်ယူပြီးစစ်တွေကိုသိမ်းဖို့အင်အားအများအ ပြားနဲ့လက်နက်ကြီးပစ်ကူယူထိုးစစ်ဆ င်လာတာ။တိုက်ပွဲကတော့ ပိုပြင်းလာမယ်။”လို့ စစ်တွေမြို့မှစစ်ကော်မရှင်တ ပ်အရာရှိတဦးက Border News Agency ကို ပြောပါတယ်။
အဲဒါကြောင့်စစ်တွေတိုက်ပွဲပိုမိုပြင်းထ န်လာနိုင်သလို တိုက်ပွဲဧရိယာလည်းပိုမိုကျယ်ပြန့်လာနိုင်တာမို့အရပ်သားပြည်သူတွေ၊စစ်ဘေးရှောင်တွေကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုကြပါတယ်။
အဲဒီစစ်တွေတိုက်ပွဲသို့စစ်ကော်မရှင်တ ပ်က စစ်သည်အင်အားဖြည့်တင်းထားသလို ကြည်း၊ရေ၊လေပူးပေါင်းခုခံနေပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ် မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်ပြုလုပ်နေပါတယ်။
အဲဒီစစ်တွေကို အာရက္ခတပ်တော်ထိုးစ စ်ဆင်တိုက်ခိုက်နေတာဟာ မြို့သိမ်းတို က်ပွဲပုံစံဖြစ်နေသလိုတိုက်ပွဲဧရိယာကျ ယ်ပြန့်နေပြီး အာရက္ခတပ်တော်ကလ ည်းလက်နက်ကြီးပစ်ကူအများအပြားအသုံးပြုတိုက်ခိုက်နေတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။
“အေအေကကြိုတင်ပြင်ဆင်ပြီးမြို့သိ မ်းတိုက်ပွဲအတွက်ထိုးစစ်စလိုက်တာလို့မြင်ပါတယ်။အရင်လိုအပြန်အလှန်လ က်နက်ကြီးပစ်တာထက် လက်နက်ကြီးပစ်ကူယူပြီးမြေပြင်ထိုးစစ်ဆင်နေတာလို့မြင်ပါတယ်။မြို့သိမ်းတိုက်ပွဲအတွ က်တပြိုင်တည်းထိုးစစ်ဆင်နေတာဖြစ်လို့တိုက်ပွဲကတော့အပြင်းထန်ဆုံးဖြစ် လာနိုင်ပါတယ်။”လို့ စစ်ရေးလေ့လာ စောင့်ကြည့်နေသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်တွေမှာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်တည်ရှိသလိုအနောက်ပိုင်းတိုင်းစ စ်ဌာနချုပ်ကိုလည်းတွဲဖွင့်ထားပြီးအ နောက်ပိုင်းရေတပ်ဌာနချုပ်အပါအဝင်ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အင်အားဖြည့်ထားပါတယ်။
ဒါပေမယ့် စစ်တွေတိုက်ပွဲမှာစစ်ကော်မ ရှင်တပ်ဟာခံစစ်အသေနဲ့ခုခံနေရသလိုဆုတ်လမ်းပြေးလမ်းမရှိတာမို့လက်န က်ချအဖမ်းခံရသူပိုများနိုင်တယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီစစ်တွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်ထောင်ချီအင်အားဖြည့်ခုခံနေပေမယ့်ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်အသိမ်းခံလို က်ရရင်အနောက်ပိုင်းရေတပ်ဌာနချုပ်လည်းလက်နက်ချသွားနိုင်တယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။






