Border News Agency
မင်းပြား၊ မတ် ၂၉။
မင်းပြားမြို့သိမ်းတိုက်ပွဲက ဖမ်းဆီးထားတဲ့စစ်သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို အာရက္ခတပ်တော်(AA)မှမတ်လ ၁၀ ရက်နေ့ပြန်ပေးလိုက်ပါတယ်။
အဲဒီမှာ အမျိုးသား ၄၄ ဦး၊အမျိုးသမီး ၅၄ ဦးနဲ့ ကလေးငယ် ၅၄ ဦး ပါဝင်ပါတယ်။
အဲဒီမင်းပြားမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့အတူမိသားစုဝင်တွေကို ဖမ်းဆီးခဲ့တာပါ။
အဲဒီသက်ဆိုင်ရာမိသားစုဝင်တွေလက်ကို စနစ်တကျပြန်အပ်ခဲ့သလို ဖမ်းထားချိန်မှာလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ ကျန်းမာရေး၊စားဝတ်နေရေးတွေပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမင်းပြားတိုက်ပွဲက သုံ့ပန်းမိသားစုဝင် ၃၉၅ ဦးလည်းပြန်လွှတ်ပေးဖူးပါတယ်။
အဲဒီမင်းပြားမြို့သိမ်းတိုက်ပွဲကသုံ့ပန်းမိသားစုဝင်၅၄၇ ဦးထိ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။


















