Border News Agency
ထိုင်း၊ ဧပြီ ၁။
ထိုင်းနိုင်ငံမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံတဦးကို တနင်္သာရီတိုင်းအတွင်းကတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကဖမ်းဆီးပြီး ထိုင်းအာဏာပိုင်တွေဆီပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။
အဲဒီတရားခံဟာ အသက် ၃၇ နှစ်အရွယ် စောကဲလဲဆိုသူဖြစ်ပြီး ၂၀၂၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံမှာပြစ်မှုကျူးလွန်ကာ ထွက်ပြေးနေတာပါ။
ထိုင်းအာဏာပိုင်တွေရဲ့ အကူအညီတောင်းခံချက်အရ တနင်္သာရီတိုင်းစစ်ဌာန၊ PDF နဲ့ KNLA ပူးပေါင်းအဖွဲ့တွေက စုံစမ်းရှာဖွေခဲ့ပြီး မတ်လ ၂၇ ရက်မှာ တနင်္သာရီမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ တရားခံကိုတော့ မတ်လ ၂၈ ရက်မှာ နယ်စပ်တနေရာကနေတဆင့် ထိုင်းအာဏာပိုင်တွေဆီကို စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။












