Border News Agency
ကျောက်ဖြူ၊ ဧပြီ ၁၁။
အာရက္ခတပ်တော် (AA) တည်ထောင်တဲ့ ၁၇ နှစ်ပြည့် တပ်တော်နေ့သဝဏ်လွှာမှာ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်ကျန်မြို့ကြီးတွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် အစွမ်းကုန်အားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်ဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကာလတွေဖြစ်လာနိုင်တာကြောင့် ကျန်ရှိနေသေးတဲ့ အရေးကြီးမြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရမယ်လို့ ဆိုပါတယ်။
အာရက္ခဒေသတွင်း မြို့နယ်အများအပြားကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမဲ့ စစ်ကော်မရှင်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေရှိလာနိုင်တာကြောင့် အမြဲတမ်းစစ်ရေးသတိရှိကြဖို့ တပ်ဖွဲ့ဝင်တွေကိုသတိပေးထားပါတယ်။
အထူးသဖြင့်လေကြောင်းအန္တရာယ်ကိုသတိပြုဖို့နဲ့ တပ်တော်ကထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို တိကျစွာလိုက်နာရင်း ပြည်သူတွေရဲ့ အားကိုးထိုက်တဲ့ တပ်မတော်သားတွေဖြစ်အောင် နေထိုင်ကြဖို့လည်းမှာကြားထားပါတယ်။
ဒါ့အပြင်အနာဂတ်အာရက္ခပြည်တည်ဆောက်ရေးမှာ လူမျိုးပေါင်းစုံတန်းတူညီမျှနေထိုင်နိုင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့ပါတယ်။






