Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အာဏာသိမ်းစစ်တပ်လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ အာရက္ခတပ်တော်ကြိုးစားနေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
37
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၁၁။

အာရက္ခပြည်သူလူထုကိုဦးတည်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်လေကြောင်းရန်ကို အာရက္ခတပ်တော်ကြံဆကြိုးစားနေတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ဧပြီလ ၁၀ရက်၊ မနေ့က ၁၇ နှစ်ပြည့်သွားပြီး အဲဒီနေ့သဝဏ်လွှာမှာတပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အသိပေးထားတာပါ။

“ငါတို့မှာလည်း ပြည်သူတွေကို လေကြောင်းအန္တရာယ်တွေက လုံလောက်အောင်ကာကွယ်ပေးနိုင်ဖို့အတွက် နည်းပညာနဲ့ရုပ်ဝတ္ထုပစ္စည်းလက်လှမ်းမမီနိုင်တဲ့ကြားကာလကို ဖြတ်သန်းနေရပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေက ကိုယ့်ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ငါတို့အာရက္ခတပ်တော့ နေ့စဥ်အချိန်တိုင်းကြံဆကြိုးစားနေပါတယ်။”လို့ အာရက္ခတပ်တော်တပ် မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်သဝဏ်လွှာမှာအသိပေးထားပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကိုအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ကျောက်ဖြူနဲ့စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ အာဏာသိမ်းစစ်တပ်ကကြည်းရေလေပူးပေါင်းခုခံနေပါတယ်။

အဲဒီအပြင် ”ခုကာလဟာစစ်ပွဲကာလ၊ အဖက်ဖက်ကခက်ခဲမှုပေါင်းစုံနဲ့ဖြတ်သန်းနေကြရတဲ့ ကာလဖြစ်တယ်။ ရန်သူဟာ စစ်မြေပြင်စစ်ပွဲတွေမှာလက်နက်ကရိယာနည်းပညာတွေ အဖက်ဖက်ကသာလွန်ပေမယ့် ငါတို့ရဲ့သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ်၊ ဥာဏ်ပညာတွေကို မယှဥ်ပြိုင်နိုင်တဲ့အခါ ရန်သူအကြမ်းဖက်ဖက်ဆစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကသူရဲဘောကြောင်စွာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်နေတုန်းပါ။”လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲလုပ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြုလုပ်နေပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေမှာ တိုက်လေယာဥ်တွေအများအပြား တပြိုင်တည်းလာရောက်တိုက်ခိုက်နေသလို ဗုံးအလုံးရေအများအပြားကြဲချတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့်အရပ်သားပြည်သူတွေအပါအဝင် အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလည်းရာနဲ့ချီသေဆုံးနေကြပါတယ်။

“အကြမ်းဖက်စကမတပ်ရဲ့လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တချောင်းစီအတွက် တရားမျှတမှုရရှိအောင်ကြိုးစားသွားပါမယ်။ တရားမျှတမှုရရှိ​အောင်ကြိုးစားမယ်ဆိုတာကလည်း မရေမရာတဲ့နိုင်ငံတကာတရားရေးဆိုတာထက် ပိုပြီးလက်တွေ့ကျတဲ့ကိုယ့်အင်အားကိုကိုယ်ဗဟိုပြုတည်ဆောက်ပြီး အထူးတလည်ပြင်းပြင်း ထန်ထန်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။”လို့ အာရက္ခတပ်တော်တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်တာတွေ ဆက်ကျူးလွန်နေတာမို့လေကြောင်းရန်ကိုသတိထားကြဖို့လည်း အာရက္ခတပ်တော်သတိပေးထားပါတယ်။

PrevPrevious​၂၀၂၆-၂၀၂၇ ကို အဆုံးအဖြတ်နှစ်တွေအဖြစ်သတ်မှတ်ကာ တိုက်ပွဲဝင်ဖို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆို
Nextစစ်တပ်တိုက်ခိုက်မှုတွေအတွက် တရားမျှတမှုရအောင် အာရက္ခတပ်​တော်ကြိုးစားမယ်Next
Previous Post

​၂၀၂၆-၂၀၂၇ ကို အဆုံးအဖြတ်နှစ်တွေအဖြစ်သတ်မှတ်ကာ တိုက်ပွဲဝင်ဖို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆို

Next Post

စစ်တပ်တိုက်ခိုက်မှုတွေအတွက် တရားမျှတမှုရအောင် အာရက္ခတပ်​တော်ကြိုးစားမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒေလီမှာမင်းအောင်လှိုင်နဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးတွေ့

May 31, 2026

အာဖဂန်နစ္စတန်မှာ နေရပ်ပြန်ဒုက္ခသည်တွေတင်လာတဲ့ ကုန်တင်ကားတိမ်းမှောက်လို့ ၁၈ ဦး သေဆုံး

May 31, 2026

အာဏာသိမ်းစစ်တပ်ကိုအမြစ်ဖြတ်ဖို့ KNDF နဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ULA/AA ဆို

May 31, 2026

မြေယာ၊ပဋိပက္ခများနှင့်ကုလသမဂ္ဂ – ၅

May 31, 2026

ဒေလီမှာမင်းအောင်လှိုင်နဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးတွေ့

အာဖဂန်နစ္စတန်မှာ နေရပ်ပြန်ဒုက္ခသည်တွေတင်လာတဲ့ ကုန်တင်ကားတိမ်းမှောက်လို့ ၁၈ ဦး သေဆုံး

အာဏာသိမ်းစစ်တပ်ကိုအမြစ်ဖြတ်ဖို့ KNDF နဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ULA/AA ဆို

မြေယာ၊ပဋိပက္ခများနှင့်ကုလသမဂ္ဂ – ၅

သယံဇာတဘဏ္ဍာငွေအသုံးပြုမှု ပြည်သူတွေသိစေဖို့ အဆင့်ဆင့်ထုတ်ပြန်မယ်လို့ NUG ဆို

ဘန်ကောက်မှာ Brand နာမည်ကြီး ရေမွှေးအတုတွေ အွန်လိုင်းမှရောင်းသူကို ထိုင်းရဲဖမ်းဆီး

Releated Post

ဒေလီမှာမင်းအောင်လှိုင်နဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးတွေ့

May 31, 2026

အာဖဂန်နစ္စတန်မှာ နေရပ်ပြန်ဒုက္ခသည်တွေတင်လာတဲ့ ကုန်တင်ကားတိမ်းမှောက်လို့ ၁၈ ဦး သေဆုံး

May 31, 2026

အာဏာသိမ်းစစ်တပ်ကိုအမြစ်ဖြတ်ဖို့ KNDF နဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ULA/AA ဆို

May 31, 2026

မြေယာ၊ပဋိပက္ခများနှင့်ကုလသမဂ္ဂ – ၅

May 31, 2026
ဓာတ်ပုံ - NUG

သယံဇာတဘဏ္ဍာငွေအသုံးပြုမှု ပြည်သူတွေသိစေဖို့ အဆင့်ဆင့်ထုတ်ပြန်မယ်လို့ NUG ဆို

May 30, 2026

ဘန်ကောက်မှာ Brand နာမည်ကြီး ရေမွှေးအတုတွေ အွန်လိုင်းမှရောင်းသူကို ထိုင်းရဲဖမ်းဆီး

May 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page