Border News Agency
နေပြည်တော်၊ ဧပြီ ၁၂။
ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတမင်းအောင်လှိုင်တာဝန်စတင်ထမ်းဆောင်မှုအတွက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အဲဒီအပြင် သမ္မတအဖြစ်ရွေးကောက်ခံရမှုအပေါ် ဘရူနိုင်းနိုင်ငံဘုရင်ဆူလ်တန်ဟာဂျီ ဟာဆာနာလ်ဘိုလ်ကီးယားနဲ့ ရုရှားသမ္မတရဲ့အကြံပေးပုဂ္ဂိုလ်မစ္စတာအန်တွန်ကိုဗျာကော့ဗ်တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ဒုတိယသမ္မတတွေအဖြစ် ရွေးချယ်ခံရတဲ့ ဦးညိုစောနဲ့ဒေါ်နန်းနီနီအေးကိုလည်း ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆီဟဆက်ဖူဝန်ကေ့ကဲ့ပို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အဲဒီပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အခုလိုနိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူးနေရာတွေကို အသစ်ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
သမ္မတသစ်နဲ့ဒုသမ္မတတွေရဲ့အစိုးရအဖွဲ့သစ်လက်ထက်မှာ အိမ်နီးချင်းနိုင်ငံတွေအပြင် ဒေသတွင်းနိုင်ငံတွေနဲ့ဆက်ဆံရေးအခြေအနေတွေအပေါ် နိုင်ငံတကာက စောင့်ကြည့်လျက်ရှိပါတယ်။






