Border News Agency
မူး၊ဧပြီ ၁၂။
ကရင်ပြည်၊မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်သား ၃ ဦး ဧပြီလ ၉ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်လာသူတွေဟာ ခမရ ၅၈၁တပ်ရင်းက တပ်သားမောင်ကျော်မင်းခန့်၊ မောင်ကောင်းခန့်ကိုနဲ့ မောင်အာကာတို့ဖြစ်ပါတယ်။
သူတို့ဟာတောင်စုကျေးရွာမှာ တာဝန်ကျနေရင်းထွက်ပြေးလာကာ KNLA တပ်ရင်း ၈ ထံခိုလှုံခဲ့ကြတာပါ။
သူတို့နဲ့အတူ MA-1 သေနတ်တလက်နဲ့ ကျည်ဆန်တွေပါယူဆောင်လာလို့ KNU က တဦးကို ကျပ် ၅ သိန်းစီ ဆုချီးမြှင့်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ထဲမှာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံနေရသူတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီ အမြန်ဆုံးခိုလှုံကြဖို့လည်း KNU ဗဟိုက တိုက်တွန်းထားပါတယ်။









