Border News Agency
မြောက်ဦး၊ ဧပြီ ၁၉။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့တဦးဒဏ်ရာရသွားပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ကျောက်ဆည်ပြင်ရွာအနီးကို ဧပြီလ ၁၉ ရက်၊ဒီနေ့မနက် ၁၀ နာရီအချိန်ခန့်က စစ်ကော်မ ရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောက်ဆည်ပြင်ကျေးရွာမှ အသက်နှစ်ဆယ့်သုံးနှစ်အရွယ်ကိုဌေးဝင်းညာဖက်လ က်ခုံမှာလက်နက်ကြီးစထိမှန်ကာဒဏ် ရာရသွားခဲ့ပါတယ်။
အဲဒီမြောက်ဦးမြို့နယ်အပြင် ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လေယာဥ်တွေအများအပြား အသုံးပြုတိုက်ခိုက်တာတွေပြုလုပ်လာနေပါတယ်။






