Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဧပြီ ၂၁။
ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ကို ဘိလပ်မြေတွေ မှောင်ခိုတင်ပို့ဖို့ ကြိုးစားတဲ့ “FB Abdur Rahman-2” အမည်ရှိ ကုန်တင်လှေတစီးကို ဧပြီလ ၂၀ ရက်နေ့ကဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီလှေပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ Diamond တံဆိပ် ဘိလပ်မြေအိတ်ပေါင်း ၈၅၀ ကို ရှာဖွေတွေ့ရှိခဲ့ပြီး မှောင်ခိုလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လူ ၁၁ ဦးကိုလည်း တပါတည်း ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ လှေနဲ့ ဘိလပ်မြေတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဘင်္ဂလားဒေ့ရှ်တာကာ ၁ ကုဋေ ၅၁ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေနဲ့ ပစ္စည်းတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။










