Border News Agency
မလေးရှား၊ ဧပြီ ၂၁။
မလေးရှားနိုင်ငံထဲကို တရားမဝင် အောက်လမ်းကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးနဲ့ သူတို့ကို တင်ဆောင်လာတဲ့ မြန်မာကားသမား ၁ ဦး၊ စုစုပေါင်း ၇ ဦးကို ဧပြီလ ၂၁ ရက်၊ဒီနေ့မှာ မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့အားလုံးဟာ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေကို မလေးရှားအာဏာပိုင်တွေက လက်ထိပ်ခတ်ပြီး ပိုင်ဆိုင်မှုတွေကို စစ်ဆေးနေသလို၊ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူနိုင်ဖို့အတွက် စစ်ဆေးမေးမြန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် အလုပ်အကိုင်ရှာဖွေဖို့ အသက်စွန့်ပြီး အောက်လမ်းကနေ ထွက်ခွာလာကြသူတွေဟာ အခုလို ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရမယ့် အခြေအနေနဲ့ ထပ်မံရင်ဆိုင်နေရတာ ဖြစ်ပါတယ်။










